ဒီဟင်းရည်ချက်ဖို့ဆိုရင်တော့ ထိုင်းကြက်ဟင်းခါးသီးခေါ်တဲ့ ကီလိုသီးကို ရွေးချယ်ဝယ်ယူရပါမယ် ။
ပါဝင်ပစ္စည်းများ
- ထိုင်းကြက်ဟင်းခါးသီး – ၁ လုံး
- ဝက်သား – ၁၀ ကျပ်သား
- ငါးဖယ်ခြစ် – ၅ ကျပ်သား
- မှိုမည်း – ၂ ပွင့်
- ကြက်သွန်ဖြူ – ၃ တက်
- ချင်းပါးပါး – ၂ ချပ်
- ကော်မှုန့် (သို့) ပြောင်းမှုန့် – အနည်းငယ်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ကြက်သွန်မြိတ် – ၅ ပင်
- အရိုးပြုတ်ရည် – ၁လီတာခန့်
ပြင်ဆင်ပြုလုပ်နည်း
၁။ ပထမဆုံး အရိုးပြုတ်ရည်ရရန်အတွက် အရိုးအနည်းငယ်ကို ချင်း ၊ ကြက်သွန်ဖြူ ၂တက်ဓားပြားရိုက်ပြီး ဟင်းရည်ကြည် ရအောင် ပြုတ်ထားပေးပါ ။
၂။ မှိုမည်းကို ရေဝအောင်စိမ်ပြီး နုပ်နုပ်စဉ်းပါ ။ ချင်း ၊ ကြက်သွန်ဖြူကိုလည်း နုပ်နုပ်စဉ်းပါ ။ ကြိတ်ထားသော အသား(သို့မဟုတ်) နုပ်နုပ်စဉ်းထားသော အသားနှင့် ငါးဖယ်ထဲသို့ နုပ်နုပ်စဉ်းထားသော ချင်းအရော ၊ မှိုမည်းတို့ကို ထည့်ပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းမှုန့်တိုကို ထည့်ပြီး စေးညှက်နေအောင် နယ်ပါ ။ ကြက်ဟင်းခါးသီး ထိပ်နှစ်ဖက်ကို ဖြတ်ပြီး ရောနယ် ထားသော အသားကို ထည့်ပြီး အစာသွပ်ပါ ။ လက်မဝက်လောက် အကွင်းများအဖြစ် ပိုင်းဖြတ်ပါ ။
၃။ ဟင်းရည်ကြည်ကို တဖန်ပြန်အပူပေးပြီး ပဲငံပြာရည်အကြည် ၊ ဆား ၊ ဟင်းခတ်မှုန့်နှင့် ငရုတ်ကောင်းတို့ဖြင့် အရသာဖြည့်စွက်ပါ။ တစ်ပွက်ဆူလာလျှင် မီးပြင်းကိုလျှော့ချပြီး အစာသွပ်ထားတဲ့ ကြက်ဟင်းခါးသီးကို ထည့်ပြီး (၃)မိနစ်ခန့် အဖုံးပိတ်ထားပါ ။ တစ်လက်မနှင့် ပါးပါးလှီးဖြတ်ထားသော ကြက်သွန်မြိတ်များ ဖြူးပြီး ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည် ။
Credit: ဟင်းချက်နည်းများ