တင်းကျပ်တဲ့ Diet လုပ်နေတဲ့အချိန်မှာ အရသာရှိတဲ့ အစားအသောက်တွေကို ရှောင်ရှားဖို့ဆိုတာ အလွန်ကိုခက်ခဲလှပါတယ်။ ဗိုက်ဘယ်လောက်ဆာဆာ မစားရတဲ့ ဒုက္ခကအလွန်ဆိုးရွားပါတယ်။

ဒါကြောင့် ယခုဖော်ပြပေးချင်တာကတော့ ကယ်လိုရီပါဝင်မှုအလွန်နည်းပါးပြီး အချိန်မရွေးစားသုံးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

တရုတ်နံနံ

၉၅ ရာခိုင်နှုန်းက ရေဓာတ်တွေဖြစ်ပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ကေကို သုံးဆယ်ရာခိုင်နှုန်းပေးစွမ်းနိုင်ပါတယ်။

ကြက်ဥအကာ

Diet လုပ်နေသူများအတွက်ပါ အထူးအသုံးဝင်ပါတယ်။ ကြက်ဥအကာတွေကို ခရမ်းချဉ်သီးအနည်းငယ်နဲ့ရောပြီး ကြော်စားမယ်ဆိုရင် အရသာရှိပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ကြက်ဥကြော်တစ်ပွဲရပါတယ်။

Salad

ဗီတာမင်အေ၊ စီ နဲ့ ဖောလစ်အက်စစ်၊ သံဓာတ်တို့ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါးလို့ များများစားမယ်ဆိုရင်တောင် ဝိတ်တက်မှာ မစိုးရိမ်ရပါဘူး။

သခွားသီးများ

တရုတ်နံနံနည်းတူ ရေဓာတ်ပါဝင်မှုများပြားသည့်အတွက် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ အခွံမှာ အာဟာရဓာတ်အများစုပါဝင်နေလို့ မျက်လုံးအတွက်ကောင်းမွန်တာကြောင့် အခွံမခွာဘဲ စားသုံးပါ။

ပန်းဂေါ်ဖီ

ဗီတာမင်စီနဲ့ကေ တို့ အလွန်များပြားစွာပါဝင်သည့်အတွက် အစိမ်းလိုက်စားမယ်ဆိုရင်တောင် အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။

ခရမ်းချဉ်သီးများ

Lycopene၊ ဗီတာမင်အေ၊ စီ၊ ဘီတူး၊ ဖောလစ်အက်စစ်၊ ဖိုက်ဘာ၊ ခရိုမီယမ်နှင့် ပိုတက်ဆီယမ်တို့ အပြည့်ရှိပြီး ကယ်လိုရီပါဝင်မှုအထူးလျော့နည်းလို့ ကျန်းမာရေးအတွက် စားသုံးပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ကိုယ်အလေးချိန်လျော့ကျဖို့ ကြိုးစားနေသူများအတွက် အကောင်းဆုံးအစားအစာပါ။ ဗီတာမင်အေ၊ စီ၊ အီး နှင့် ကေ တို့အပြင် နေ့စဉ်လိုအပ်တဲ့ ဖိုက်ဘာဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးများသည်လည်းပဲ ကိုယ်အလေးချိန်လျော့ကျဖို့အတွက် အထူးကောင်းမွန်ပြီး ပိုတက်စီယမ်နှင့် ဖိုက်ဘာဓာတ်တို့မြင့်မားကာ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

လိမ္မော်သီးများ

ဗီတာမင်စီပါဝင်မှု အလွန်တရာများပြားပြီး အသီးအပေါ်မှ အဖြူမျှင်လေးများတွင် ဖိုက်ဘာအများအပြားပါဝင်လို့ ကိုလက်စထရောလျှော့ချဖို့ ကူညီပေးပါတယ်။

Credit: BrightSide

Featured Image Source: EgoFelix Magazine