ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ
- အသီး၊အရွက် (လှီးထားပါ
- သကြား
- ဆား
- ပဲငံပြာရည်အပျစ်
- ခေါက်ဆွဲ
- အသားတု
- ပဲပြား
- တရုတ်နံနံ
ပြင်ဆင်ပြုလုပ်နည်း
အရင်ဆုံး ဆီပူအောင် တည်ပါ။ ပြီးမှ ကြက်သွန်ဖြူ ဓားပြားရိုက် ဆီသတ်ပါ။ လှီးထားတဲ့ အသီးရွက်ထည့်ပါ။
ခဏ အုပ်ထားပါ။ အရွက်နည်းနည်း နွမ်းသွားရင် သကြား ၊ ဆား ၊ ပဲငံပြာရည်အပျစ် သင့်ရုံထည့် သမအောင် မွှေပေးပါ။ မကျက်တကျက်မှာ အသီးရွက်တွေကို အိုးဘေးကပ်ထားပါ။ အလယ်နေရာ ရအောင် လုပ်ဖို့ပါ။ ခေါက်ဆွဲကို အလယ်ထည့်ပြီး အသီးရွက်က ထွက်တဲ့ရေနဲ့ လုံးပေးပါ ။ ကြော်ပြီးသားအသားတုနဲ့ ပဲပြားပါ ထည့်ပါ။
ပြီးမှ ခေါက်ဆွဲအောက်ကထားပြီး အသီးရွက်တွေကို အပေါ်ကအုပ်ပေးထားပါ။ ရေနည်းရင် ဆူပြီးသားရေကျက်အေး သင့်ရုံထည့်ပြီး အဖုံးအုပ်ပေးပါ။ မီးပြင်းပြင်းနဲ့ ၃မိနစ်လောက် ထားပြီး အပေါ်အောက် သမအောင် မွှေပေးပါ။ တရုတ်နံနံထည့်ပါ။ ခဏအကြာ ခေါက်ဆွဲအိသွားရင် ကျက်ပါပြီ။
Credit: Linn Yazar