အမေပြောတဲ့ အမောပြေဆိုတာ ဒီဗီတာမင်စီ ရေ ပါဘဲ ။ လုပ်ရလည်း လွယ် ၊ တန်ဘိုးလည်း မကြီး ၊ အပူလည်း သက်သာ ၊ ဗီတာမင်ဓါတ်လည်း အပြည့်အဝပါ ၊ လူကိုလည်း လမ်းဆန်းစေတဲ့ ရေကို လူကြီး ၊ လူငယ် ၊ ကလေးများပါ နေ့စဉ် သောက်သုံးသင့်ပါတယ် ။ သခွားသီးသည် ကိုယ်တွင်းအပူဓာတ်ကို လျော့ချပေးနိုင်ပြီး ဗီတာမင်ကေနဲ့ ကယ်လ်ဆီယမ် ဓါတ်တို့ ပါဝင်ပြီး ၊ သုံပုရာသီး နှင့် လိမ္မော်သီးသည် ဗီတာမင်စီဓါတ် ပါဝင်ပြီး ၊ လူ၏ခုခံအားကို အပြည့်အဝ မြှင့်တင် ပေးပါတယ် ။
ပါဝင်ပစ္စည်း
- ရေ
- ရေခဲ
- သုံပုရာသီး – ၂ လုံး
- လိမ္မော်သီး – ၂ လုံး
- သခွားသီး – ၁ လုံး
- ပူတီနံ – အနည်းငယ်
ပြုလုပ်နည်း
- သုံပုရာသီး ၂ လုံး နှင့် လိမ္မော်သီး ၂ လုံးကို မထူမပါး အကွင်းလိုက် လှီးထာပါ ။ သခွားသီး ၁ လုံးကို အရှယ်လိုက် လှီးထားပါ ။
- ရေခရားထဲတွင် ရေခဲ အနည်းငယ်ကို ထည့်ရျ် အကွင်းလိုက် လှီးထာသော သခွားသီး ၊ သုံပုရာသီး နှင့် လိမ္မော်သီး ကိုထဲ့လိုက် ရေခဲကို ထဲ့လိုက် တလှည့်စီ ထဲ့ပါ ။
- ပြီးလျင် နောက်ဆုံးမှ သောက်ရေကို အပြည့်တဲ့ပြီး ပူတီနံကို မိမိ နှစ်သက်သလောက် ထည့်ပါ ။
MyFood Myanmar