အမေပြောတဲ့ အမောပြေဆိုတာ ဒီဗီတာမင်စီ ရေ ပါဘဲ ။  လုပ်ရလည်း လွယ် ၊ တန်ဘိုးလည်း မကြီး ၊ အပူလည်း သက်သာ ၊ ဗီတာမင်ဓါတ်လည်း အပြည့်အဝပါ ၊ လူကိုလည်း လမ်းဆန်းစေတဲ့ ရေကို လူကြီး ၊ လူငယ် ၊ ကလေးများပါ နေ့စဉ် သောက်သုံးသင့်ပါတယ် ။   သခွားသီးသည် ကိုယ်တွင်းအပူဓာတ်ကို လျော့ချပေးနိုင်ပြီး ဗီတာမင်ကေနဲ့ ကယ်လ်ဆီယမ် ဓါတ်တို့ ပါဝင်ပြီး ၊ သုံပုရာသီး နှင့် လိမ္မော်သီးသည် ဗီတာမင်စီဓါတ် ပါဝင်ပြီး ၊ လူ၏ခုခံအားကို အပြည့်အဝ မြှင့်တင် ပေးပါတယ် ။

Vit.C Water 2016-05-18 at 11.12.05 am

ပါဝင်ပစ္စည်း

  • ရေ
  • ရေခဲ
  • သုံပုရာသီး – ၂ လုံး
  • လိမ္မော်သီး – ၂ လုံး
  • သခွားသီး – ၁ လုံး
  • ပူတီနံ – အနည်းငယ်

ပြုလုပ်နည်း

  1. သုံပုရာသီး ၂ လုံး နှင့် လိမ္မော်သီး ၂ လုံးကို မထူမပါး အကွင်းလိုက် လှီးထာပါ ။  သခွားသီး ၁ လုံးကို အရှယ်လိုက် လှီးထားပါ ။
  2. ရေခရားထဲတွင် ရေခဲ အနည်းငယ်ကို ထည့်ရ်ျ အကွင်းလိုက် လှီးထာသော သခွားသီး ၊ သုံပုရာသီး နှင့် လိမ္မော်သီး ကိုထဲ့လိုက် ရေခဲကို ထဲ့လိုက် တလှည့်စီ ထဲ့ပါ ။
  3. ပြီးလျင် နောက်ဆုံးမှ သောက်ရေကို အပြည့်တဲ့ပြီး ပူတီနံကို မိမိ နှစ်သက်သလောက် ထည့်ပါ ။

MyFood Myanmar