အမေရိကန်ပြည်ထောင်စု၊  ပြည်နယ်တွေမှာရှိတဲ့ ထူးထူးဆန်းဆန်း မုန့်လေးများအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

Idaho လို့ခေါ်တဲ့ အာလူး ရေခဲမုန့်

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ထူးထူးဆန်းဆန်း မုန့်များ

အာလူးရေခဲမုန့်လို့ ပြောပေမယ့် မုန့်တစ်ခုလုံးက Cream နဲ့လုပ်ထားတဲ့ ရေခဲမုန့်ပါဘဲ။ ဗန်နီလာ ရေခဲမုန့်ဖြစ်ပြီး အာလူးပုံစံမျိုး လုပ်ထားကာ Cocoa အမှုန့်နဲ့ တကယ့် အာလူးပုံစံ လို့ထင်ရအောင် လုပ်ထားပါတယ်။

Mississippi က Kool-Aid

သခွားသီးတွေကို ဆားရည်စိမ်ပြီး သနပ်ဖြစ်အောင်လုပ်ကာ Kool-Aid ဆိုတဲ့ ခရားထဲထည့်ထားတာဖြစ်ပါတယ်။ Koolickles လို့လည်း ခေါ်ပါတယ်။

Iowa – Dutch စကားလုံးများ

ဂျုံမုန့်ညက်တစ်မျိုးဖြစ်ပြီး Almond အနှစ်ထည့်ထားတဲ့ အဆာပြေ မုန့်တစ်မျိုးဖြစ်ပြီး ဒတ်ချ် စာလုံး “S” ပုံစံ မုန့်ဖုတ်လေ့ရှိပါတယ်။

အဲ့ဒီ စာလုံးပုံစံ မုန့်ကို အိုင်အိုဝါပြည်နယ်၊ Pella မြို့မှာ ကျင်းပတဲ့ Tulip ပန်းပွဲတော်မှာ ကျွေးမွေးလေ့ရှိပါတယ်။

မိချောင်းအသား ကြော်

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ စားလေ့ရှိတဲ့ အဆာပြေစာတစ်ခုကတော့ မိချောင်းခေါင်းတို ကို အကြော်မှုန့်နဲ့ ကြော်ထားတဲ့ မိချောင်းခေါင်းတို အသားကြော်ဖြစ်ပါတယ်။

သူ့ရဲ့ အရသာက ကြက်သားလိုဘဲလို့တော့ ပြောကြပါတယ်။