နိုင်ငံတိုင်းမှာ နေ့လည်စာ ထမင်းဗူးတွေ၊ ကျောင်းကကျွေးတဲ့ နေ့လည်စာတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် စံနှုန်းတွေရှိပါတယ်။

အများအားဖြင့် တော့ ကျောင်းတွေက အသင့်စား အစားအစာတွေ အစား အဟာရရှိတဲ့ နေ့လည်တွေကို ချက်ပြုတ်ကျွေးကြတာများပါတယ်။

ကျောင်းက စီစဉ်ပေးတဲ့နေ့လည်စာတွေမှာ မပါမဖြစ်ကတော့ အသီးအရွက်နဲ့ အသား၊ငါး တို့ဘဲ ဖြစ်ပါတယ်။

တချို့ ကျန်းမာရေးအတွက် အထူးဂရုစိုက်တဲ့ ကျောင်းတွေကတော့ အသီးအနှံတွေ၊ နွားနို့ သို့မဟုတ် MILO တို့ကိုလည်း စီစဉ်ပေးပါတယ်။

ကမ္ဘာတစ်ဝှမ်းက ကျောင်းတွေရဲ့ နေ့လည်စာတွေကို ဝေမျှချင်ပါတယ်။

South Korea

တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောင်းနေ့လည်စာ စီစဉ်ပေးတဲ့ နိုင်ငံ များထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဟင်းလျာတွေကတော့ အရည်ဟင်းတစ်ခွက်ရယ်၊ ထမင်းရယ်၊ ဆလပ်ရွက်၊ ပင်လယ်ငါးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ စီစဉ်ပေးကြတာများပါတယ်။ ငါးကြီးဆီ ၁ ဇွန်းကို တိုက်လေ့ရှိပါတယ်။

Japan

ဂျပန်

ဂျပန်နိုင်ငံမှာရှိတဲ့ ကျောင်းနေ့လည်စာတွေက တောင်ကိုရီးယားနဲ့ ဆင်တူပါတယ်။ ဟင်းရည်ပူပူတစ်ခွက်၊ ထမင်း နဲ့ ငါး သို့မဟုတ် အသား၊ ဆလပ် နဲ့ နွားနို့ တို့ ဖြစ်ပါတယ်။ အထက်တန်းကျောင်းရောက်မှသာ အိမ်က ထမင်းဗူးယူတာကို လက်ခံပါတယ်။ မူလတန်းနဲ့ အလယ်တန်းတို့မှာတော့ ကျောင်းက တာဝန်ယူပြီး ကျွေးပါတယ်။ ကျောင်းတွေမှာ အကြွေပြားထည့်ပြီး အသင့်စား အစားအသောက်တွေ ၀ယ်လို့ရတဲ့ စက်တွေ မထားရှိထားပါဘူး။

UK

ဗြိတိန်

ဗြိတိန်မှာတော့ အာလူးကြော်၊ မုန်လာဥနီ၊ ကွေကာအုပ်၊ ဆလပ်ရွက်၊ အသီးအနှံတွေ စားသုံးကြတာများပါတယ်။ ကျောင်းရန်ပုံငွေတွေကလည်း အကန့်အသတ်ရှိပြီး ကျောင်းတွေက ကလေးတွေ နေ့လည်စာအတွက် ပိုက်ဆံများများ မသုံးနိုင်တာကြောင့် အသင့်စားအစားအစာတွေ စီစဉ်ပေးကြတာများပါတယ်။ ကလေးတွေကလည်း ကြိုက်ကြပြီး ဈေးလည်းသက်သာတာကြောင့် ဖြစ်ပါတယ်။

USA

အမေရိကန်ပြည်ထောင်စု

အများအားဖြင့် အသီးအနှံ၊ ပြောင်းဖူး၊ ကြက်သား နဲ့ ဟင်းရည်တို့ကို စားသုံးကြပါတယ်။ အမေရိကန်ကျောင်းတွေက တစ်ကျောင်းနဲ့ တစ်ကျောင်း အစားအစာ စီစဉ်တာတွေ မတူညီကြပါဘူး။ တချို့ကျောင်းတွေက ကလေးတွေ ကြိုက်တဲ့ အာလူးချောင်းကြော်နဲ့ ပီဇာတို့ကို စီစဉ်ပေးကြပါတယ်။ အများအားဖြင့်တော့ မူလတန်းနဲ့ အလယ်တန်းကလေးတွေကို မိဘတွေက ထမင်းဗူးထည့်ပေးကြပါတယ်။

Turkey

တူရကီ

တူရကီမှာတော့ အိမ်ကနေ ဘဲ ကျောင်းကို ထမင်းဗူး ယူသွားကြတာများပါတယ်။ ပေါင်မုန့် ညို၊ အခွံမာသီး၊ စပျစ်သီး၊ ပန်းသီး စတာတွေ အစုံအလင်နဲ့ ထည့်ပေးကြတာများပါတယ်။ ဒီလို အဟာရ ပြည့်ပြည့်၀၀ ထည့်ပေးတဲ့ အစားအစာတွေက ကလေးတွေ ဥာဏ်ရည်ကို အထောက်အကူပြုပါတယ်။

Thailand

ထိုင်း

ထိုင်းကတော့ မြန်မာနိုင်ငံနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ အသားဟင်းတစ်မျိုးရယ်၊ ထမင်းရယ်၊ အသီးအနှံ တချို့ရယ် ထည့်ပေးကြပါတယ်။

France

ပြင်သစ်

ဒီပုံကတော့ ပြင်သစ်နိုင်ငံ အနောက်ပိုင်းက ကျောင်းတွေမှာ နေ့လည်စာ စီစဉ်ပေးတဲ့ ပုံစံဖြစ်ပါတယ်။ ငါး၊ အာလူး၊ ချီစ်၊ အရွက်တချို့၊ ပေါင်မုန့် တို့ဖြစ်ပါတယ်။ အများအားဖြင့် နေ့လည်စာ ထမင်းစားချိန်က ၁ နာရီကနေ ၂ နာရီကြားလောက် ပေးလေ့ရှိပါတယ်။ တချို့ ကလေးတွေကတော့ အိမ်ပြန်ပြီး နေ့လည်စာ စားလေ့ရှိပါတယ်။

Hungary

ဟန်ဂေရီ

ဟန်ဂေရီ နိုင်ငံမှာတော့ ခေါက်ဆွဲပြုတ်၊ ဖုတ်ထားတဲ့ ပဲ၊ပေါင်မုန့်၊ ကြက်သားနဲ့ အခွံမာသီးတို့ကို စီစဉ်ပေးလေ့ရှိပါတယ်။

Isreael

အစ္စရေး

ကလေးတွေအတွက် နေ့လည်စာကို အစ္စရေးမှာတော့ အသားညှပ်ပေါင်မုန့်၊ ပြောင်းဖူး နဲ့ အသီးအနှံတွေ ထည့်ပေးလေ့ရှိပါတယ်။

DSC09329

မြန်မာနိုင်ငံမှာလည်း ထမင်း၊ အသားဟင်းတစ်မျိုးမျိုး၊ အသီးအရွက် သို့မဟုတ် ဟင်းရည်၊ အသီးအနှံ နဲ့ နွားနို့ သို့မဟုတ် MILO တို့ကို ထည့်ပေးလေ့ရှိပါတယ်။

DSC09218

MILO

ထမင်းဘူးလေးရဲ့ တစ်ဖက်မှာတော့ နေ့လည်စာ စားပြီးရင်သောက်ဖို့ MILO ဘူးလေး တစ်ဘူးလည်း ထည့်ပေးဖို့မမေ့နဲ့ဦးနော်။

MILO မှာ သာမန်မုယောထက်ပိုကောင်းတဲ့ ပရိုတိုမော့ (တ်) ဗီတာမင် (၆) မျိုးနဲ့ သတ္တုဓါတ် (၃) မျိုးပါဝင်တဲ့အပြင်က လေးတွေအတွက်အားအင်ပြည့်ဝစေတဲ့ အဟာရဓါတ် မျှတစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပါတယ်။ချော့ကလက်အရသာနဲ့ MILO ဟာ ကလေးတွေကျောင်းမှာ အလွယ်တကူနဲ့ သောက်သုံးလို့ရသလို အဟာရပြည့်ဝပြီး ဥာဏ်ရည်ထက်မြတ်စေမှာဖြစ်ပါတယ်။

ကျောင်းမှာ စာလေ့လာမှုအပြင် အားကစားနဲ့ လူမှုရေးလုပ်ဆောင်မှုတွေမှာ တက်ကြွလန်းဆန်းပြီး ခွန်အားအပြည့်ဖြစ်စေဖို့ MILOက ပံ့ပိုးပေးမှာပါ။ ချန်ပီယံကလေးတွေနဲ့ MILO ဟာခွဲခြားလို့မရတာမို့ ကလေးတို့အတွက် MILO ကျောင်းမှာသောက်ဖို့ ကိုမဖြစ်မနေထည့်ပေးဖို့တော့ လိုမယ်နော်။ ကလေးတွေရဲ့ အောင်မြင်မှု ဥာဏ်ရည်ထက်မြတ်မှုအတွက် MILO ကိုသာ မိခင်တို့ရွေးချယ်ကြပါတယ်။