ကြက်ခြေထောက် အရေခွံသုပ် ထုတ်ထုတ် ၊ ထုတ်ထုတ်နဲ့ စားလို့ ကောင်းမှကောင်း။ တန်ဖိုးနည်း စားမြိန်ဟင်းလျာ ၊ အရေခွံ ခွာရတာ စိတ်တော့ ရှည်ရတယ်ဗျာ။
ပါဝင်ပစ္စည်းများ
- ကြက်ခြေထောက် – ၁၀ ချောင်း
- ခရမ်းချဉ်သီး
- ကြက်သွန်နီ
- သံပုရာသီး
- တရုတ်နံနံ
- ငရုတ်သီး
- ငံပြာရည်
- ဟင်းချိုမှုန့် အနည်းငယ်
- ပဲမှုန့်
- ငြုပ်အရောင်
- ဆီချက်
ပြုလုပ်နည်း
- ကြက်ခြေထောက် ၁၀ ချောင်းကို သေချာ သန့်စင် ဆေးကြောပြီးရင် ရေနွေး ဆူဆူထဲတွင် ၁၀ – ၁၃ မိနစ် ကြာပြုတ်ပါ။ နူးအိနေအောင် ပြုတ်စရာ မလိုပါ။ ပြီးလျှင် မီးပိတ်ပြီး ရေခဲရေဇလုံထဲသို့ ချက်ချင်း ဆယ်ထည့်ပါ။
- ကြက်ခြေထောက် အလယ် အသားထူနေရာတွင် ဓားနှင့် အောက်ဖက်သို့ ဓားရာခြစ်ချပေးပြီး အရိုးမှ အရေခွံသားကို ခွာယူပါ။ ခြေချောင်းလေးများမှ အရေခွံသားကိုလည်း စိတ်ရှည်စွာ ခွာယူပါ။ စိတ်မရှည်လို့ ခွာမယူပဲ ထည့်သုပ်လိုက်ရင် ထမင်းနဲ့ စားရင် အလုပ်တွေ ရှုပ်လို့ပါ။
- အားလုံးပြီးတဲ့အခါ သုပ်စားရန် ကြက်ခြေတောက် အရေခွံ ထုတ်ထုတ်လေးတွေ ရပါပြီ။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံပုရာသီး၊ တရုတ်နံနံ၊ ငရုတ်သီး၊ ငံပြာရည် ၊ ဟင်းချိုမှုန့် အနည်းငယ်၊ ပဲမှုန့် ၊ ငြုပ်အရောင်၊ ဆီချက်တို့ကိုထည့်ပါ။
- အားလုံး ထည့်ပြီးလျှင် အရသာရှိတဲ့ ကြက်ခြေထောက် အရေခွံသုပ်လေး သုပ်လို့ရပါပြီ။
Credit: My Little K I T C H E N’s D I A R Y