ပုံမှန် စားနေကြ မန်းကျီးသီးစိမ်းအကြော်အရသာလေးကို တမျိုး ပြန်လည်တီထွင်ထားပါတယ်။ ဘုန်းကြီးဆွမ်းကပ်တုန်းက ဘုန်းဘုန်း များအကြိုက်တွေ့ခဲ့သော အရန်ဟင်းပွဲလေးပါ ။ အားလုံးလဲ ချက်စားကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
- မန်းကျီးသီးစိမ်း – ၄၀ ကျပ်သား (ရေဆေး ပြီး မညက်တညက်လေး ကြိတ်ထားပါ)
- ပုစွန် ခြောက်မှုန့် – ၅ ဇွန်း စားပွဲဇွန်း
- မြေပဲဆန်လှော် – ၈ ဇွန်း စားပွဲဇွန်း (မညက်တစ်ညက်ထောင်းထားပါ)
- နနွင်းမှုန့် – ၁ ဇွန်း လက်ဖက်ဇွန်း
- စိမ်းစားငါးပိ – ၂ ဇွန်း လက်ဖက်ဇွန်း
- ငံပြာရည် – ၂ ဇွန်းခွဲ စားပွဲဇွန်း
- ကြက်သွန်ဖြူ – ၅ တက် (ထောင်းထားပါ)
- ကြက်သွန်နီ – ၄ လုံး (ထောင်းထားပါ)
- ငရုတ်သီးခွဲကြမ်း – ၅ ဇွန်းခွဲ စားပွဲဇွန်း
- ပဲပိစပ်ဆီ – တစ်ဝက် ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
- ဆား – လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း
- မကပ်သော အကြော်ဒယ်အိုးထဲမှာ ဆီပူအောင် တည်ပါ ။
- ဆီပူလာလျှင် နနွင်းမှုန့် ၊ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ ။ ကြက်သွန်ဖြူ/နီ ကြက်လာလျှင် ငါးပိစိမ်းစား ထည့်ကြော်ပါ ။ မွှေးပြီး အနည်းငယ်အရောင်ပြောင်းလားလျှင် ငံပြာရည် ထည့်ပါ ။ ငံပြာရည်ကျက်လျှင် ငရုတ်သီးခွဲကြမ်း ၊ ပုဇွန်ခြောက်မှုန့်ထည့် ပြီး ကြော်ပါ ။ ဆီခြောက်လျင် အနည်းငယ် ထပ်ထည့်ပါ ။
- မန်းကျီးသီးများ ထည့်ပြီး ကြော်ပါ ။ နွမ်းလာလျှင် ကျန်ပါဝင်ပစ္စည်းများထည့်ပါ ။ ဆားမြည်းပြီး လိုတာ ထပ်ဖြည့်ပါ ။ တို့စရာစုံလင်စွာနဲ့ တွဲဖက်စားမယ်ဆိုလျှင် ထမင်းမိန်သွားမှာ အသေအချာပါ ။
မှတ်ချက် – အငံမစားနိုင်သူများအတွက် ငါးပိ ၊ ငံပြာရည်ကို ကိုယ့်စိတ်တိုင်းကြ အတိုးအလျှော့လုပ် ကြော်ပြီး ကိုယ်ပိုင်အရသာ အသစ်တီထွင်နိုင်ပါတယ် ။
Credit: Syilwin Foodsgarden