တရုတ်တန်း ဘဲသားမုန့် တောင်းဆိုထားသူရှိလို့ တင်ပေးလိုက်ပါတယ်။ ဂျုံသားနယ်ရတဲ့ အလုပ်တစ်ခုကတော့ အတော်လေးလက်ဝင်ပါတယ်။ ဝါသနာပါ သူများ စိတ်ရှည်စွာ စမ်းသပ်ကြည့်နိူင်မယ့် အချိုးလေး ဖော်ပြပေးလိုက်ပါတယ်။
အပြင်တစ်လွှာအတွက် ပါဝင်ပစ္စည်းများ
- ဂျ ုံျနုမှုန့် ၅၀၀ ဂရမ်
- မာဂျ ရင်း ၁၀၀ ဂရမ်
- ဆား ၁ ဇွန်း( လက်ဖက်ရည်ဇွန်း)
- ရေအေး ၁ ခွက်( သို့ ) ၂၂၀ မီလီမီတာ
ပြုလုပ်နည်း
- ဂျုံမှုန့် ၊ ဆား တို့ကို သမအောင်မွှေပြီး မာဂျရင်း ထည့်နယ်ပါ။
- ရေကို အနည်းငယ်စီ ထည့်ပြီး ညှက်နေတဲ့မုန့်သား တစ်ခုရအောင် နယ်ပါ။
- နယ်ထားသော မုန့်သားကို ခပ်ကြမ်းကြမ်း လုံးထားပါ။
အတွင်းတစ်လွှာအတွက် ပါဝင်ပစ္စည်းများ
- ဂျုံ ၂၅၀ ဂရမ်
- မာဂျရင်း ၁၅၀ ဂရမ်
ပြုလုပ်နည်း
- ဒီ ၂မျိုးထဲကိုပဲ အထက်ပါအတိုင်း နယ်ပြီး လုံးထားပါ။
- ပထမအလွှာမုန့်သားကို မုန့်လှိမ့်တုံး (သို့) ပုလင်းအသုံးပြုပြီး အနည်းငယ် ပြန်သွားအောင်ဖြန့်
- ပါ။
- ဒုတိယ မုန့်သားကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပြီး ပထမအလွှာပေါ် တင်ပေးပါ။
- ထို့နောက် မုန့်သား (၂) ခုကို ၃ – ၄ ထပ် ရအောင်လိပ်ပေးပါ။ ပလပ်စတစ်အပါးစလေး အုပ်ပြီး ရေခဲသေတ္တာမှာ (၁၅) မိနစ်ခန့် အအေးခံထားပါ။ ထိုအချိန်မှာ အတွင်းသား အစာအတွက် ပြင်ဆင်ပါ။
အတွင်းအစာအတွက် ပါဝင်ပစ္စည်း
- ကြက်သား(သို့) ဘဲသား ၅၀၀ ဂရမ်(ခပ်သေးသေးအတုံး)
- အာလူး ၂ လုံး (၁ စင်တီအရွယ်အတုံးလေးတုံး)
- ကြက်သွန်နီ ၃လုံး (၁ စင်တီအရွယ်အတုံးလေးတုံး)
- ငရုပ်စပ်မှုန့် ၁ ဇွန်း ( ထမင်းစား )
- မဆလာ ၁ ဇွန်း ( လက်ဖက်ရည်)
- ကြက်သွန်ဖြူ + ချင်း အနည်းငယ်စီ ( နုပ်နုပ်စဉ်း)
- ဆား + ကြက်သားမှုန့် သင့်တော်သလို
- သကြား ၁ ဇွန်း ( လက်ဖက်ရည်)
ပြုလုပ်နည်း
ပထမဆုံး ကြက်သားတွေကို အိုးကင်းပူတိုက်တဲ့ပုံစံနဲ့ ရေခမ်းသွားအောင် ပြုလုပ်ပါ။ ရေခမ်းသွားရင် အအေးခံထားပါ။ ဒယ်အိုးထဲမှာ အာလူးတွေကို ထည့်ကြော်ပါ။ အနည်းငယ်နွမ်းသွားလျှင် ၊ နနွင်းမှုန့် အနည်းငယ်နှင့်အတူ ကြက်သွန်ဖြူ + ချင်းတွေကို ပေါင်းထည့်ပါ။
အနည်းငယ်မွှေးလာပြီဆို ကြက်သွန်နီ ၊ ကြက်သားတွေ ပေါင်းထည့်ပြီး ငရုတ်စပ်မှုန့် ၊ ဆား ၊ သကြား ကြက်သားမုန့်တို့နဲ့ အရသာသွင်းပါ။ ဖြန့်ပြီး အအေးခံထားပါ။
ထိုစဉ်အချိန်မှာ ရေခဲသေတ္တာထဲက အအေးခံထားတဲ့ ဂျုံသားလိပ်ကို ထုတ်ပြီး (၁၆) မှ (၂၀ ) ခုထိ အညီအညာ ပိုင်းဖြတ်ပါ။
ပိုင်းဖြတ်စလေးတွေကို ဂျုံမှုန့်ဖြူးထားတဲ့စားပွဲပေါ်မှာ လှိမ့်တုံးလေးအသုံးပြု ကာ ၄ လက်မ အဝိုင်းငယ်ရအောင် လုပ်ပါ ။ (မုန့်သား၂ ထပ် လိပ်ထားတာ ၃-၄ ဖြစ်တဲ့အတွက် မုန့်သားမှာအရစ် အရစ်ပုံလေးတွေပေါ်နေပါမယ်။)
လက်ကို ဂျုံ မှုန့် လူးကိုင်ပြီး အတွင်းအစာကို ၁ ဇွန်းသာသာခန့် ဖြည့်ပြီး ခေါက်ချိ ု းညီ ခေါက်လိုက်ပါ။
မိမိလက်ပေါ်မှာရှိတဲ့ ဘယ်ဖက်အစွန်းထောင့်ကလေးကို ၄၅ ဒီဂရီလောက် ခေါက်ချလိုက်ပါ။ ထိုနောက်မှတဆင့် လက်မအားကို အသုံးပြုပြီး မုန့်အနား သားလေးတွေကို ထိုးခေါက်သွားမယ်ဆိုရင် ညီညာလှပစွာ ပုံဖော်ထားတဲ့ အနားသား အစွန်းသတ်လေးတွေနဲ့ လှပနေပါမယ်။
အားလုံး ထိုနည်းအတိုင်းပြုလုပ်ပြီးပြီဆိုမှ ဆီ (သာမန်အပူချိန်) မှာ ရွှေအိုရောင်ရအောင် ကြော်ယူစစ်ပြီး အအေးခံထားရပါမယ်။
Credit: Original