ငပိ - Ngapi | ငပိချက် | ငါး - Fish | အသီး - Fruits

ခရမ်းချဉ်သီးပန်ထွေဖျော်

December 31, 2015

ခရမ်းချဉ်သီးပန်ထွေဖျော်

Share this on:

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငြုပ်သီးစိမ်း
  • ဆား
  • ငံပြာရည်
  • သံပုရာရည်
  • နံနံပင်
  • အချိုမှုန့်

ပြုလုပ်နည်း

  1. ခရမ်းချဉ်သီး အလုံးကြီးကြီး ၄ ၊ ၅ လုံးလောက် ကိုရှုံ့တွ ပြီး နူးလာသည် အထိ မီးဖုတ်ပါ။
  2. မီးဖုတ် ပြီးရင် အခွံနွှာထားပါ.
  3. ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ညက်အောင် ထောင်းပါ။
  4. ညက်ရင် ခရမ်းချဉ်သီးများကို ရောပြီး အရည်နှင့်အဖတ် ပစ်ပစ် အနေထား ရသည်အထိ ထည့်ထောင်းပါ။
  5. ဆား၊ အချိုမှုန့်၊ ငံပြာရည်ကို အရသာ မြည်းပြီး ထည့်ပါ။
  6. ခရမ်းချဉ်သီး မချဉ်လျှင် သံပုရာရည် နဲနဲ ထည့်ပါ။
  7. နံနံပင် များများကို နုတ်နုတ်စဉ်းပါ။
  8. အစပ်ကြိုက်ရင် ငြုပ်သီးစိမ်းကို နုတ်နုတ်စဉ်း ထည့်ပါ။
  9. ထောင်းထားသော ခရမ်းချဉ်သီးများကို ပန်းကန် တလုံးထဲတွင် ထည့်ပြီး နံနံပင်၊ ငြုပ်သီး တို့ နှင့် သမအောင် မွှေပြီးရင် ပန်ထွေဖျော်ကို စားလို့ရပါပြီ။

Review

User Rating

3.2 (5 Votes)