Recipes | သနပ် - Pickles | အသီး - Fruits

ငရုတ်သီး ရှလကာရည်စိမ် (Pickled Chillies)

January 30, 2016

ငရုတ်သီး ရှလကာရည်စိမ် (Pickled Chillies)

Share this on:

ငရုတ်သီး ရှလကာရည်စိမ် ကတစ်ကယ့်ကို စူပါ ပါ။ သူ့ရဲ့အလွန်ကောင်းမွန်သော အရသာက ဘယ်လို ဟင်းပွဲမဆို ပါဝင်ဖြည့်စွပ် အရသာ ထူးကဲစေနိုင်တာကြောင့် များများလုပ်ထားပြီး ရေခဲသေတ္တာထဲမှာ ကြာကြာထားလို့ ရပါတယ်။ အသားငါး နှင့် အသီးအရွက်ကြော်ရင်ပဲဖြစ်စေ၊ ပေါင်မုန့် အသားညှပ်ထဲ ပဲဖြစ်စေ၊ အသားလုံးများထဲ ဖြစ်စေ ပါဝင် ထည့်သွင်း နိုင်သောကြောင့် သိပ်ကို အသုံးဝင်တာကြောင့် လုပ်ထားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီး - ၃၀ကျပ်သား(အလယ်ညှပ်ပြီး အစေ့ထုပ်ထားပါ)
  • ဆန်ရှလကာရည် - ၁လီတာ (၀ိုင်အဖြူလဲ သုံးလို့ရပါတယ်)
  • သကြား - ၆ဇွန်း စားပွဲဇွန်း
  • ကရဝေးရွက် - ၅ရွက်
  • ဆား - ၅ဇွန်း လက်ဖက်ဇွန်း
  • နံနံစေ့ -၂ ဇွန်း စားပွဲဇွန်း
  • ငရုတ်ကောင်းနက် - ၁ဇွန်း စားပွဲဇွန်း

ပြုလုပ်နည်း

  1. ငရုတ်သီးကို အလယ်လောက်ကနေ လှီးပြီး အစေ့များထုပ်ပါ။ ဖန်ဇလုံထဲ စေ့ထုပ်ထားသော ငရုတ်သီးများ ထည့်ြ့ပီး ရေပူပူလောင်ချပါ၊ ၅ မိနစ်လောက်စိမ်ထားလိုက်ပါ။ ကျန်နေသေးသောအစေ့များ သူ့ဖာသာထက်ထွက်ပါလိမ့်မယ်။
  2. ငရုတ် ရှလကာ စိမ်မယ့် လေလုံ ဖန်ပုလင်းထဲ ငရုတ်ကောင်း၊ ကရဝေးရွက်၊ နံနံစေ့၊ ငရုတ်သီး နှင့် ဆား များ ကိုထည့်ထားပါ။
  3. အိုးထဲ သကြား နှင့် ရှလကာရှည် ထည့်ပြီး မီးအနေတော်ဖြင့် သကြားပျော်တယ့်အထိတည်ပါ။ အရည်ပူပူ ကို ငရုတ်သီး ထည့်ထားသော ပုလင်းထဲ လောင်းထည့်ပြီး အဖုံးဖွင့်ပြီး အအေးခံထားပါ။
  4. အေးသွားလျှင် အဖုံးလုံးအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ မသုံးခင် ၂ ပတ်လောက် ထည့်ထားပါ။ ၄-၅ လလောက် ရေခဲသေတ္တာထဲမှာ အထားခံပါတယ်။
Credit: Syilwin Foodsgarden

Review

User Rating

3.3 (3 Votes)