ငှက်ပျောဖူး ဝက်သားပေါင်း

Share this on:

ငှက်ပျောဖူးကို ချက်စား ၊ သုပ်စား တာတွေမြင်ဖူးပါတယ် ။  တခါမှတော့ မစားဖူးပါဘူး ။ ကျမတို့ ငယ်ငယ် တုန်းကတော့ အမေ ဟာ ငှက်ပျောဖူးနဲ့ဝက်သား ကိုပေါင်းပြီး ခဏခဏ လုပ်ကျွေးဖူးတယ် ။ ငှက်ပျောဖတ်ထဲ ထည့်ပြီးပေါင်းပေးတဲ့ ငှက်ပျောဖူးဝက်သားပေါင်း ကတော့ ငှက်ပျောဖတ်နံ့ မွှေးမွှေးလေး နဲ့ပါ ။  သူ့ကို တွဲဖက်စားတာကတော့ ငရုတ်သီး ကျွတ်ကြော် ၊ ကြက်သွန်မိတ် တို့နဲ့ တွဲစားလို့ရပါတယ် ။

ငှက်ပျောဖူး ဝက်သားပေါင်း 2

ငှက်ပျောဖူး ဝက်သားပေါင်း 3

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • အရောင်တင်မှုန့်
  • ငံပြာရည်
  • ငှက်ပျောဖူး - လှီးထားပါ
  • ဝက်သား - တောက်တောက်စင်းထားပါ
  • ငှက်ပျောဖတ်
  • သကြား
  • ဆား
  • ကြက်ဥ - ၁ လုံး
  • ဆန်လှော်မှုန့် - ၂ ဇွန်းြ

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ အရောင်တင်မှုန့် ၊ ငံပြာရည်အနည်းငယ် ထည့်ကာဆီသတ်ထားပါ ။
  2. လှီးထားသော ငှက်ပျောဖူး နှင့် စင်းထားသောဝက်သား တို့ကို ဆီသတ်ထားတာတွေနှင့် ရောနယ်ပါ ။
  3. ပြီးလျှင် သကြာနည်းနည်း ၊ ဆား နည်းနည်း ၊ ကြက်ဥ ၁ လုံး ၊ ဆန်လှော်မှုန့် ၂ ဇွန်း ထပ်ထည့်ပြီး သမသွားအောင် နယ်ပါ ။
  4. ပြီးရင်တော့ ငှက်ပျော်ဖတ်ထဲ ထည့်ထုပ်ပြီး အိုးတစ်လုံးထဲ စတီး Plate (ခြေလေးချောင်းပါ) ကိုထည့်ပါ ။
  5. ထိုနောက် ထုပ်ထားတာကို Plate ပြားပေါ်တင်ပါ ။ ရေကို Plate ပြားရဲ့ အောက်ခြေ နားထိထည့်ပြီး ၁၅ မိနစ် လောက်ပေါင်းလိုက်ရင် စားလို့ရပါပြီ ။
  6. ပေါင်းတဲ့ နေရာမှာ စတီး Plate အစား ထမင်းထည့်စားတဲ့ စတီးချိုင့် တစ်ဆင့်ထဲကို နယ်ထားတဲ့ ဝက်သားကို ထည့်အဖုံးပိတ်ပြီး အိုးတစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ပေါင်းစားလို့လည်း ရပါတယ် ။
Credit: အိမ်ဟင်းလေး တစ်ခွက်