သောက်ဆမ်း - Soup Curry | ငါး - Fish | ငါးခြောက် - Dried Fish | ဟင်း - Curry | ကြက်ဥ - Eggs

ဒန့်ဒလွန်သီး နှင့် ငါးပုတ်ခြောက် ၊ ကြက်ဥ ချဉ်ရည်

May 25, 2016

ဒန့်ဒလွန်သီး နှင့် ငါးပုတ်ခြောက် ၊ ကြက်ဥ ချဉ်ရည်

Share this on:

ဒန့်ဒလွန်သီးတွေ ပေါ်ကနဲ က စားခြင်ပေမဲ့ မစားရသေးဘူး ။   ချစ်သူငယ်ချင်း BFF က အိမ်ကို အလည်လာရင်းနဲ့ ဒန့်ဒလွန်သီးတွေ ယူလာပေးတော့ ထီပေါက်သလို ခံစားရပြီး ၀မ်းသာအားရနဲ့ အိမ်မှာရှိတဲ့ ငါးပုတ်ခြောက်အသား နဲ့  ကြက်ဥ နဲ့ဘဲ ဒန့်ဒလွန်သီး နှင့် ငါးပုတ်ခြောက် ၊ ကြက်ဥ ချဉ်ရည် ချက်စားပစ်လိုက်တယ် ။ အမှန်တော့ ဘဲဥ နဲ့  ငါးခြောက်ရိုး နဲ့ ချက်တာကို ပိုနှစ်သက်ပေမဲ့ ဝယ်ရမဲ့အထိ မစောင့်နိုင်တော့ဘူး ။  ကမန်းကတန်း ချဉ်ရည်လေးချက်ပြီး   ငရုတ်သီးလေးကို အမြန်ကြော်ပြီး  အိမ်မှာရှိတဲ့ ညီအမတွေ စားလိုက်ကြတာ ခေါင်းတောင် မဖေါ်နိုင်တော့ဘူး ။   ၀မ်းသာအားရနဲ့ စားလိုက်ကြ တဲ့ ဒီဟင်းလေးကို ပြန်လည် ရှယ်ပေးလိုက်ပါတယ် နော် ။   ချက်လွယ် စားကောင်းဟင်းတခွက်ပေါ့ ။

1

1

ပါဝင်ပစ္စည်းများ

  • ဒန့်ဒလွန်သီး - ၂၀ တောင့်
  • ကြက်ဥ - ၁၀ လုံး
  • ငါးပုတ်ခြောက် - ၅ ကျပ်သားခန့် ( အတုံးသေး)
  • Shishamo (ဂျပန်ငါးဥငါး) - ၁၀ ကောင်း
  • ခရမ်းချဉ်သီး - ၄ လုံး
  • ပျဉ်တော်သိမ်ရွက်
  • မကျီးသီးမှည့် - အနည်းငယ်
  • ကြက်သွန်နီ - ၅ လုံး
  • ကြက်သွန်ဖြူ - ၆ မွှာ (အလုံးကြီး)
  • ငရုတ်သီးမှုန့် - အနည်းငယ်
  • ဆား
  • ဆနွင်း - အနည်းငယ်
  • ဆီ - ၅ ကျပ်သား ခန့်
  • နံနံပင်
  • ငရုတ်သီးစိမ်း - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဒန့်ဒလွန်သီးကို အပေါ်ယံ အမျှင်လေးများ ခွာပြီး ရေဆေးထားပါ ။ ခရမ်းချဉ်သီးကို အထဲက အစေ့များထုတ်ပြီး မထူးမပါး စိတ်ထားပါ ။  ကြက်ဥကိုလည် ပြုတ်၍ အခွံခွာ ထက်ခြမ်းခြမ်းထားပါ ။ ငါးပုတ်ခြောက်ကို အတုံးလေးများ တုံးပြီး ရေစိမ်ထားပါ ။ Shishamo (ဂျပန်ငါးဥငါး) ကို ရေဆေးထားပါ ။  မကျီးသီးမှည့်ကို ရေဆေးပြိး ရေနွေနှင့် စိမ်  ထားပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့် အနည်းငယ်တို့ကို ထောင်းပြီး ၊ ဆား ၊ ဆနွင်း အနည်းငယ် ၊ ပျဉ်တော်သိမ်ရွက် ထည့်ရ်ျ ဆီသတ်ပါ ။ ကြက်သွန်များ အနည်းငယ် နွမ်းလာလျှင် ခရမ်းချဉ်သီးကို ထည့်ပါ ။
  3. ခရမ်းချဉ်သီး နွမ်းပြီး  အနှစ်ဖြစ်လာပါကငါးပုတ်ခြောက် အတုံးလေးများကို ထည့်ပါ ။ ( ငါးပုတ်ခြောက်အရိုး သို့မဟုတ် ငါးခြောက်အရိုးရှိလျင် အရိုးကို သုံးတာက ပိုရ်ျ ကောင်းပါသည် ။   ငါးခြောက်အရိုး အစဉ်သင့်မရှိရ်ျ ငါးပုတ်ခြောက် အသားကို တုံးရ်ျ ချက်ထားပါသည် ။)  ပြီးလျင် ရေနွေးတခွက် နှင့်  ဒန့်ဒလွန်သီးကို ထည့်၍ အဖုံးအုပ်ထားပါ ။
  4. ဒန့်ဒလွန်သီးများ နူးခါနီးလျှင် မကျီးရည်ထည့်ပြီး မွှေပြီးလျင် ထက်ခြမ်းခြမ်းထားသော ကြက်ဥပြုတ်များကို ထည့်ပြီး အဖုံးအုပ်ထားပါ။
  5. ဟင်းအိုး မီးဖိုပေါ် ချခါနီးမှ အရသာကို အပေါ့အငန် မြည်းပြီးလျင် အင်မတန် နူးလွယ်သော Shishamo (ဂျပန်ငါးဥငါး) ကိုထည့်ရ်ျ နံနံပင် နှင့် ငရုတ်သီးစိမ်း အုပ်ရ်ျ မီးဖိုပေါ်မှ ချပါ ။  အိုးအဖုံးကို ၁၅မိနစ်ခန့် မဖွင့်ပါနှင့် ၊  Shishamo (ဂျပန်ငါးဥငါး) များ အိုးအပူအငွေ့ နှင့် ကျက်သွားမည် ဖြစ်ပါသည် ။  ***(အချို့က ဒန့်သလွန်သီး ကြက်ဥချဉ်ရည်ဟင်း တွင် မဆလာ အနည်းငယ်ကိုလည်း အုပ်ရ်ျစားတတ်ပါသည် ။)
Credit: ဒန့်သလွန်သီးပေးတဲ့ BFFကို ကျေးဇူးတင်ပါတယ် ။
My Food Myanmar

Review

User Rating

4.2 (6 Votes)