ငပိ - Ngapi | ငရုတ်သီး - Chilli | အသီး - Fruits | အကြော် - Fried

နာနတ်သီး ငပိ ချဉ်စပ်ကြော်

July 27, 2016

နာနတ်သီး ငပိ ချဉ်စပ်ကြော်

Share this on:

နာနတ်ချဉ်စပ် ၁

ပါဝင်ပစ္စည်းများ

  • ဆီ - ၁/၄ ခွက် (၆၀ ml)
  • ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ - ၁ ခွက် (၂၅၀ ml) ခန့်
  • စိမ်းစားငပိ - ၁ ဇွန်းခန့် (ထမင်းစားဇွန်း)
  • အရောင်တင်မှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • အခွံခွါ အူတိုင်ဖြုတ်ပြီး ပါးပါးသေးသေး လှီးထားသော နာနတ်သီး အချဉ် - ၃ ခွက် (၇၅၀ ml) ခန့်
  • ထောင်း (သို့) ကြိတ်ထားသော ပုဇွန်ခြောက် - ၅ ဇွန်းခန့် (ထမင်းစားဇွန်း)
  • လှီးထားသော ငရုတ်သီးစိမ်း - ၁ ဇွန်းခန့် (ထမင်းစားဇွန်း)
  • လက်တစ်ဆစ် အရှည်ခန့် လှီးထားသော နံနံပင် - ၁/၂ ခွက် (၁၂၅ ml) ခန့်

ပြုလုပ်နည်း

  1. ဆီပူထဲ ထည့်ကြော်ထားသော ကြက်သွန်နီ ရွှေဝါညိုရောင် ပြောင်းလျှင် ငပိထည့်ကာ စက္ကန့် ၃၀ ခန့် ဖိချေ မွှေကြော်ပေးပါ ။
  2. အရောင်တင်မှုန့် ထည့်ကာ ၃ - ၄ ချက် မွှေပြီးသည်နှင့် နာနတ်သီး နှင့် ပုဇွန်ခြောက်မှုန့် ထည့်၍ နာနတ်သီးနွှမ်းအောင် High Heat ဖြင့် မွှေကြော်ပါ ။
  3. နွှမ်းလျှင် ငရုတ်သီးစိမ်း ထည့်၍ ၁ မိနစ်ခန့် ကြော်ပါ ။ နံနံပင်ထည့်ကာ ၃ - ၄ ချက် မွှေပြီးသည်နှင့် မီးဖိုမှဖယ်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ ။
Credit: Chaw Su's Food Friends

Review

User Rating

2 (2 Votes)