ဟင်း - Curry | ကြက်သား - Chicken

ပလာတာနဲ့ ကြက်သားချက်

May 5, 2016

ပလာတာနဲ့ ကြက်သားချက်

Share this on:

ရာသီဥတုကလည်း ပူတော့ ထမင်းမစားချင်တာနဲ့ ပလာတာနဲ့ ကြက်သား ချက်စားပါတယ် ။

13170717_793961490739421_1865147494_o85c

85a

 

ပါဝင်ပစ္စည်းများ

  • ပလာတာ - တစ်ထုပ် (ရယ်ဒီမိတ် ၅ချပ်ပါ )
  • ကြက်ရင်ဖုံ - ၇၅ ကျပ်သားခန့်
  • ကြက်သွန်နီ - ၃ လုံး
  • ကြက်သွန်ဖြူ - ၅ မွှာ
  • ဂျင်း - အနည်းငယ်
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်
  • အရောင်တင်မှုန့် - အနည်းငယ်
  • ခရမ်းချဉ်သီး - ၅ လုံး
  • အားလူး - ၆ လုံး
  • ပျဉ်တော်သိမ်ရွက်
  • ဆား
  • ဆီ
  • နနွင်းမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ပလတာကတော့ ရယ်ဒီမိတ်ကို ၀ယ်ပါတယ် ။
  2. ကြက်ရင်ဖုံကို ရေစင်အောင်ဆေးကြောပြီး တစ်လက်မခန့် အတုံးလေးများ တုံးထားပါ ။
  3. ကြက်သွန်နီ/ဖြူ ၊ ဂျင်း နှင့် ငရုတ်ကောင်းစေ့အနည်းငယ် ၊ အရောင်တင်မှုန့်နှင့် ရောထောင်းပြီး ကြက်သားနှင့် ရောနယ်၍   နှပ်ထားပါ ။
  4. ခရမ်းချဉ်သီးကို ပါးပါးရှည်ရှည် လှီးထားပါ ။ အားလူးကိုလည် အတုံးလေးများ တုံးထားပါ ။
  5. ဒယ်အိုး (သို့) ဒန်အိုး တစ်လုံးကို မီးဖိုးပေါ်တင်ပြီး ဆီးထည့်၍ ဆီပူလာလျှင် နယ်ထားသော ကြက်သားများကို ထည့်လုံးပါ ။ ကြက်သား အရောင်ပြောင်းသွားလျှင် ခရမ်းချဉ်သီးကို ထည့်ပါ ။ ထိုနောက် ရေအနည်းငယ် ထည့်၍ အုပ်ထားပါ ။
  6. ကြက်သားနုလာကာနီးတွင် အားလူးကို ထည့်၍ မီးအေးအေးနှင့် တည်ပါ ။
  7. အားလုံး နူးလျှင် ပျဉ်တော်သိမ်ရွက်ကို အုပ်ပါ ။ အပေါ့ အငန်မြည်း၍ အရသာ အနေတော်လျှင် ရယ်ဒီမိတ်ဝယ်ထားသော ပလာတာကို မီးအေးအေးဖြင့် ကြော်၍ အရသာရှိလှတဲ့ ပလာတာနှင့် ကြက်သားချက် စားသုံးနိုင်ပါပြီ ။
အချဉ်ကိုတော့ သခွာသီးပါးပါးလှီး ၊ ငရုတ်သီးစိမ်းပါးပါးလှီး နှင့် ပူတီနှံ တို့ကို ရောပြီး သံပုရာသီး (သို့) ရှာလကာရည်ဖြင့် ရောနယ်၍ တွဲဖက် စားသုံးနိုင်ပါသည် ။

Credit: My Food Myanmar

Review

User Rating

4 (3 Votes)