ငပိ - Ngapi | ငပိထောင်း | ပုဇွန် - Prawn | အထောင်း - Pounded

ပုဇွန်ကျား ငါးပိထောင်း

May 2, 2016

ပုဇွန်ကျား ငါးပိထောင်း

Share this on:

ပါဝင်ပစ္စည်း

  • ပုဇွန်ကျား - ၆ ကောင် (အရွယ်တော်)
  • ငပိစိမ်းစား - ၂ ဇွန်း (ဟင်းစားဇွန်း
  • ငရုတ်သီးစိမ်း - ၁၅ တောင့် (အစပ်စားနိင်သလောက်)
  • ကြက်သွန်ဖြူသေး - ၁ လုံး
  • ဆီ - ၄ ဇွန်း (ဟင်းစားဇွန်း)
  • သံပုရာသီး - ၁ လုံး

ပြုလုပ်နည်း

  1. ပုဇွန် ၊ ငရုပ်သီး ၊  ကြက်သွန်ဖြူ လှော်ထားပါ ။
  2. ငါးပိကို မီးကင် (သို့မဟုတ်) ရေနွေးငွေ့ြ ဖင့်  အနံ့မွှေး လာအောင် ကင် (သို့မဟုတ်) ပေါင်း ထားပါ ။
  3. ဆုံထဲမှာ ငရုတ်သီးလေးတွေ အရင် ထောင်းပါ ။  ညက်လျင် ပုဇွန်များ ထည့်ထောင်း ပါ ။
  4.  ပြီးလျင် ကြက်သွန်ဖြူများ ထည့်ထောင်း ပြီး ပန်းကန်ထဲ ဆယ်ယူပြီး. ဆီများ ရွှဲရွှဲလောင်း ပြီး စိမ်ထားပါ ။  စား ခါနီး မှာ သံပုရာ ၊  မန်ကျ ည်းနှစ်များ ဆမ်းပေး ပါ ။
Credit: Soe's Cooking Collection

Review

User Rating

0 (0 Votes)