ဖက်ထုပ်ကြော်

Share this on:

ကြက်ဖက်ထုပ်ကြော်နဲ့  ကြက်ပုစွန်ဖက်ထုပ်ကြော်ကို ဆီချက်ခေါက်ဆွဲနှင့် ထမင်းလွတ် စားတတ်ကြသည် ။

ကြက်ဖက်ထုပ်ကြော်နဲ့ ကြက်ပုစွန်ဖက်ထုပ်ကြော်.1

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ပုစွန်
  • ဂေါ်ဖီ
  • ဂေါ်ဖီထုပ်
  • ကုချိုင်
  • ကြက်သွန်နီ
  •  ကြက်သွန်ုဖူး
  • ဂျင်း
  • ပဲငံပြာရည် အနောက်
  • ပဲငံပြာရည် အကြည်
  • နှမ်းဆီ
  • ဆား
  •  ငြုပ်ကောင်းမှုန့်
  •  ကော်မှုန့်

ပြုလုပ်နည်း

  1. ကြက်သားကို နုတ်နုတ်စင်း ထားပြီး တဝက်စီ ခွဲထားပါ ။
  2. ပုစွန်ကိုလည်း နုတ်နုတ်စင်းပါ ။ (ကြိတ်စက်မသုံးချင်လို့ပါ)
  3. ဂေါ်ဖီ ၊ ဂေါ်ဖီထုပ် ၊ ကုချိုင် ၊ ကြက်သွန်နီ တို့ကို တောက်တောက်စင်းပီး အရည်ညှစ်ထုတ်ပါ ။
  4. ကြက်သွန်ုဖူး ၊ ဂျင်း ၊ ပဲငံပြာရည် အနောက် ၊ ပဲငံပြာရည် အကြည် ၊ နှမ်းဆီ ၊ ဆား ၊ ငြုပ်ကောင်းမှုန့် ၊ ကော်မှုန့် ကြိုက်နှစ်သက်ရာ အသား ထည့်နယ်ပါ ။
  5. ဒယ်အိုး အပြန့်ကို အပူပေးပြီး ဖက်ထုတ်ဖင်ကို ဒယ်အိုး အပူမှာ ကပ်အောင် အမြန် ထည့်ထည့်သွားပါ ။
  6.  ရေကို ဖက်ထုပ်ရဲ့ အလယ်တဝက် မြုပ်ယုံပဲ ထည့်ပြီး အဖုံးပိတ်ထားပါ ။
  7. ရေခမ်းတာနဲ့ ဆီနဲနဲကို နှံ့အောင် ဘေးကဝှိက်ထည့်ပါ ။
  8. နီကြွပ်လာရင် ပန်းကန်ထဲသို့ ဇွန်းအပြားနဲ့ ထိုးကော် မထည့်ပါ ။                                                                                      ***( နောက်တမျိုးက ကော်ရည်ဖျော်ထားပီး ဖက်ထုပ်ဘေး တစ်ဝိုက်ကို ဝှိုက်ဖြန်းလောင်း ထည့်ပေးပါ ။   ဒါဆိုရင် ဖက်ထုပ်ကို အချပ်လိုက် ထိုးကော်လို့ရပါမယ် ။  ပိုလည်း စားကောင်း ပါတယ် ။ )
  9. တွဲဖက်စားရန်ဆော့စ် -  ပဲငံပြာရည် အနောက် ၊ ပဲငံပြာရည် အကြည် ၊ ရှလကာရည် ၊ နှမ်းဆီ ၊ တရုတ်ငြုပ်ဆီ အနီ
Credit: Themar Tun