ငပိထောင်း | ယိုးဒယား - Thai | အထောင်း - Pounded

ယိုးဒယားပလာတူးငါးပိထောင်း

July 26, 2016

ယိုးဒယားပလာတူးငါးပိထောင်း

Share this on:

Ma Lay ထောင်းစားတဲ့ ယိုးဒယားပလာတူးငါးပိထောင်းစပ်စပ်လေးပြောပြမယ်နော် ။

ပါဝင်ပစ္စည်းများ

  • ပလာတူးငါး အကောင်သေး ၃ကောင်ခန့်
  • ကြက်သွန်နီ ဥသေး ၄ဥ ခန့်
  • ကြက်သွန်ဖြူ ၂ဥ
  • ငရုပ်သီးစိမ်း ၅တောင့်ခန့်
  • ငါးငံပြာရည် ၂ဇွန်း (ထမင်းစားဇွန်း)
  • သကြား ၁ဇွန်း ( လက်ဖက်စားဇွန်း)
  • ဟင်းခတ်မှုန့် အနည်းငယ်
  • သံပုရာသီး ၂လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးနဲ့ ကြက်သွန် ၊ ငရုပ်သီးများကို ဒယ်အိုးထဲ ရေ အနည်းငယ် ၊ ဆီအနည်းငယ်ထည့်ကာ ရေခန်းတဲ့ထိထားကာ ဆီပူပူမှာ အနည်း ငယ်ကြော်ပေးပြီး ငါးအသားကို နွှင်ထားပါ ။
  2. ငရုပ်သီး ၊ ကြက်သွန်များ ညှက်အောင်ထောင်းပြီး ငါးအသားနှင့် ပါဝင်ပစ္စည်းများထည့်ကာ သမအောင် ရောထောင်းပြီး သံပုရာရည်ညှစ်ကာ သုံးဆောင်နိုင်ပါပြီး ။
ပလာတူးငါး မရှိပါက တခြားငါးတွေကိုလဲအသုံးပြုလို့ရပါတယ် ။

Credit: Thida Lay Lay

Review

User Rating

4 (7 Votes)