ယိုးဒယား ဝက်သားပေါင်း (လုချင်းကွေ့တီယို)

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သားအသား - ၁ ကီလိုခန့်
  • ဝက်ရိုး - ၁ ကီလိုခန့်
  • ပဲဆီအပျစ် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ပဲငံပြာရည် - ၄ ဇွန်း
  • ကြက်သွန်ဖြူ -၂ ဥ
  • ခရုဆီ - ၃ ဇွန်း
  • ကရဝေးခေါက် -၂ ခေါက်ခန့်
  • ငရုပ်ကောင်း အစေ့ -၂၀
  • ငရုပ်ကောင်းမှုန့် - အနည်းငယ်
  • ကြက်သွန်မြိတ်
  • နံနံပင်အမျှစ်
  • ငရုပ်သီးမှူန့်.
  • ဂျင်း
  • သကြား - ၂ ဇွန်း
  • ဆား - ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ရေ - ၂ လီတာခန့်

ပြုလုပ်နည်း

  1. ဝက်သား အသား သတ်သတ် ၁ ကီလိုခန့်ကို အနေတော် ပိုင်းဖြတ်ပြီး ခရုဆီ ၃ ဇွန်း၊ သကြား ၂ ဇွန်း၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ပဲငံပြာရည် ၄ ဇွန်း၊ ကြက်သွန်ဖြူ နဲ့ နံနံပင် အမျှစ်ကို ညှက်ညှက် ထောင်းပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း အနည်းငယ် နဲ့ရောနယ်ပြီးနှပ်ထားပါ ။
  2. ဝက်ရိုး ၁ ကီလိုခန့်ကို ဆေးကြော သန့်စင်ပြီး ရေ ၂ လီတာခန့် ကို ဆူအောင်တည်ပြီး ဝက်ရိုး ထည့်ပြုတ်ပါ ။ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲဆီအပျစ် ထမင်းစားဇွန်း ၂ ဇွန်းခန့်၊ ကြက်သွန်ဖြူ ၂ ဥ၊ ဂျင်း တစ်ပြားခန့် ဓားပြား ရိုက်ကာ ကရဝေးခေါက်၂ ခေါက်ခန့်၊ ငရုပ်ကောင်းအစေ့ ၂၀၊ အားလုံးကို အဝတ်ပါးစ နဲ့ရောထုပ်ပြီး သေချာချည်ပြီး အပြုတ်အိုးထဲ ထည့်ပြုတ်ပါ ။
  3. နာရီ ဝက်ခန့် ပြုတ်ပြီး နှပ်ထားတဲ့ ဝက်သားကို ထည့်ပြုတ်ပါ။
  4. ၁ နာရီခန့် မီး အနေတော်နဲ့ ပြုတ်ပြီး ဝက်သားများ နူးအိ လာပြီဆို မီးပိတ်လို့ရပါပြီ ။
  5. ကြာဇံကို ရေနွေး ဖျောပြီး လုချင်း အသားလုံး တို့ကို ကျက်အောင် ပြုတ်ပြီး ကြက်သွန်ဖြူ ဆီကျက်၊ ကြက်သွန်မိတ်၊ နံနံပင်၊ ငရုပ်သီးမှုန့်၊ အချဉ်ရည် တို့ဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ ။
Credit: Thida Lay

Review

User Rating

0 (0 Votes)