ဝက်သား - Pork | ဟင်း - Curry | အသီး - Fruits

ရွှေဖရုံသီးနုနု ဝက်သားအစာသွပ်ဟင်း

April 23, 2016

ရွှေဖရုံသီးနုနု ဝက်သားအစာသွပ်ဟင်း

Share this on:

အခုလို ပူအိုက်တဲ့ နွေရာသီနဲ့ လိုက်ဖက်မယ့် ဟင်းတစ်ခွက် အဆီ လုံးဝမပါတဲ့ ရှမ်းအစားအစာ စစ်စစ်ဖြစ်တဲ့  ရွှေဖရုံသီးနုနု ဝက်သား အစာသွပ်ဟင်းပါ ။

40,a

 

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီးနုနု
  • ၀က်သား
  • မုန်လာဥနီ
  • ကြက်သွန်ဖြူ  ၊ နီ
  • ကြက်ဥ
  • ဆား
  • သကြား
  • ငရုတ်ကောင်းမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ရွှေဖရုံသီးကို ရေသေချာဆေးပြီး ထိပ်ကိုဖြတ်ထားပါ ။  အထဲကအစေ့တွေ ထုတ်လိုက်ပါ ။
  2. ၀က်သားနဲ့မုန်လာဥနီကို တောက်တောက်စင်းထားပါ ။
  3. ကြက်သွန်ဖြူ  ၊ နီ နည်းနည်းစီကို ညက်အောင်ထောင်းထားပါ ။
  4. ကြက်ဥတစ်လုံးကို ပန်းကန်ထဲ ခေါက်ထည့်ထားပါ ။
  5. ဝက်သားထဲကို မုန်လာဥနီ ၊ ကြက်ဥ ၊  ကြက်သွန်ဖြူ  ၊ ကြက်သွန်နီ ၊ ဆား ၊ သကြား ၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး နှံ့အောင်မွှေပါ။
  6. ပြီးရင် ရွှေဖရုံသီးရဲ့ ဗိုက်ထဲထည့် ၊ ထိပ်ကိုပြန်ပိတ် ၊ သွားကြားထိုးတံ ၃ ချောင်းထိုးထားပါ ။
  7. ပြီးရင် Steel ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ဒယ်အိုး (သို့) ဒန်အိုးထဲရေထည့် အဖုံးလုံအောင်ပိတ်ပြီး ၅၀မိနစ်လောက် ပေါင်းပါ ။ (ပုံမှာပြထားတဲ့အတိုင်း) ရွှေဖရုံသီးကို နှစ်ထပ်ပေါင်းအိုးထဲ ထည့်ပေါင်းလည်း ရပါတယ် ။ အဲလိုပေါင်းရင်တော့ အရည်တွေက   အောက်ထပ်ပေါင်းအိုးထဲကျသွားတာ နှမျောစရာကောင်းပါတယ် ။   ပန်းကန်ထဲ ထည့်ပြီး ပေါင်းတော့ ဝက်သားနဲ့ ရွှေဖရုံသီးတို့ရဲ့  ချိုမြိန်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အရည်ကိုလည်း မဆုံးရှုံး ရတော့ပါဘူး ။   လွယ်ကူ အရသာရှိပြီး ကျန်းမာရေးနှင့်ညီညွတ်တဲ့ ဟင်းကောင်းလေး လုပ်စား ကြည့်ကြပါ ။
Credit: ဟင်းကောင်းကောင်းလေး ချက်စားကြစို့

Review

User Rating

2.5 (8 Votes)