သောက်ဆမ်း - Soup Curry | ကြက်သား - Chicken

ကြက်ရိုးဟင်း စပ်စပ်

June 13, 2016

ကြက်ရိုးဟင်း စပ်စပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး ၃၀ သား
  • ကြက်သွန်နီ အကြီး ၁ ဥ (၈စိတ်စိပ်)
  • ကြက်သွန်ဖြူ ၃ မွှာ (ဓါးပြားရိုက်)
  • ခရမ်းချဉ်သီး အကြီး ၁လုံး (၈စိတ်စိပ်)
  • ငရုတ်သီးစိမ်း ၇ တောင့် (မညက်တညက်ထောင်း)
  • စပလင် ၁ တောင့် (၄ပိုင်းဖြတ်ပြီးထု)
  • နနွင်းမှုန့် အနည်းငယ်
  • ဆား
  • ငံပြာရည်
  • ရေ

ပြုလုပ်နည်း

  1. ကြက်ရိုး ၊ ဆား ၊ နနွင်းမှုန့် ၊ ငံပြာရည် တို့နှင့် နယ်ထားပါ ။
  2. အိုးထဲတွင် ရေ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ စပလင် တို့ကို ဆူအောင် တည်ပါ ။
  3. ဆူလျင် နယ်ထားသော ကြက်ရိုးများကို ထည့်တည်ပါ ။
  4. ကြက်ရိုးများနူးလျင် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်ရ်ျ အရည်ကျသည် အထိ တည်ပါ ။
  5. အရည်ကျလျင် အပေါ့အငံမြည်းရ်ျ ငရုတ်သီးစိမ်းများ အုပ်ကာ သောက်ဆမ်းဟင်းအဖြစ် သုံးဆောင်နိုင်ပါပြီ ။
  6. ဆီ နှင့် အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

3 (36 Votes)