သောက်ဆမ်း - Soup Curry | ကြက်သား - Chicken

ကြက်သား အာပူလျှာပူ

June 18, 2016

ကြက်သား အာပူလျှာပူ

Share this on:

ပါဝင်ပစ္စည်းများ

  • မြန်မာကြက် ၃၅ ကျပ်သား
  • ဆား
  • ဆနွင်း
  • နှစ်သက်ရာဟင်းခတ်မှုံ့
  • ငါးငံပြာရည်
  • ငြုတ်သီးစိမ်း
  • ငြုတ်သီးအနီတောင့် ၅ ကျပ်သား(စားနိုင်သလောက်)
  • ကြက်သွန်ဖြူ တစ်လုံး
  • ကြက်သွန်အနီ (ကြီး ၁/ သေး၂)
  • ဂျင်း
  • ရှမ်းနံနံ
  • နံနံပင်
  • ငြု တ်ကောင်းလှော်မှုံ့
  • သရက်ပြား ၊ မရမ်းပြား ၊ မန်ကျည်းသီးစိမ်း ၊ မန်ကျည်းမှည့်
  • ရေ
  • စပါးလင်
  • သံပုရာသီး/ရှောက်ရည်

ပြုလုပ်နည်းများ

  1. အနေတော် ခုတ်ထားတဲ့ မြန်မာကြက် ၃၅ ကျပ်သားကို ဆား ၊ ဆနွင်း ၊ နှစ်သက်ရာ ဟင်းခတ်မှုံ့ ၊ ငါး ငံပြာရည်နဲ့ နယ် ၊ ရေနဲ့ ထည့်ပြုတ်ထားပါ ။
  2. ပွက်ပွက်ဆူလာရင် ထောင်းထားတဲ့ ငြုတ်သီးစိမ်း အစိမ်း ၊  ငြုတ်သီး အနီတောင့် ၅ ကျပ်သား (စားနိုင်သလောက်) ထည့်ပါ ။ ထောင်းထားတဲ့ ကြက်သွန်ဖြူ တစ်လုံး ၊ ကြက်သွန်အနီ (ကြီး၁/သေး၂) ထည့်ပါ ။
  3. ဂျင်း ဓားပြား နှင့် ရိုက်ထည့်ပါ ။  စပါးလင်ဥ ဖြတ်ထည့် ၊ အရွက်ထုပြီး စည်းထည့်ပါ ။
  4. အရည်သောက်မို့ ဆား ၊ ဟင်းခတ်မှုံ့ ၊ ငံပြာရည်ကို လိုသလို ထည့်ပါ ။
  5. အသားကျက်ရင် သရက်ပြား ၊ မရမ်းပြား ၊ မန်ကျည်းသီးစိမ်း ၊ မန်ကျည်းမှည့်ဖျော် ထည့်တယ် ။ သရက် စတာတွေ မထည့်ချင်ရင် စားခါနီးမှ သံပုရာသီး ၊ ရှောက်ရည် ညှစ် စားလဲ ရပါတယ် ။
  6. အသားနူးအိသွားရင် ရှမ်းနံနံ ၊ နံနံပင် ၊ ငြုတ်ကောင်း လှော်မှုံ့ ခပ်ပြီး မီးပိတ် နိုင်ပါပြီ ။
  7. ခံတွင်းမြိန်စေတဲ့ ဆီလွတ် အရည်သောက် ကြက်သား အာပူလျှာပူ သုံးဆောင်လို့ ရပါပြီ ။
Credit: Original

Review

User Rating

2.5 (8 Votes)