ငရုတ်သီး - Chilli | ဟင်း - Curry | ကြက်သား - Chicken

ကြက်အချင်းတိုင်နဲ့ ဥဒိန် ဆီပြန်မဆလာချက်

May 30, 2016

ကြက်အချင်းတိုင်နဲ့ ဥဒိန် ဆီပြန်မဆလာချက်

Share this on:

ဒီမနက် ဈေးသွားတော့ လတ်ဆတ်နေတဲ့ ကြက်အချင်းတိုင်နဲ့ ဥဒိန် ကိုတွေ့လိုက်တော့ ဆီပြန်မဆလာချက်လေးချက်လိုက်ရရင်တော့ ကောင်းမှာဘဲလို့ အတွေးဝင်သွားတာနဲ့ ချက်ဖြစ်လိုက်လို့ ချက်နည်းလေးပြန်ဝေမျှလိုက်ပါတယ်နော် ။)

1

 

ပါဝင်ပစ္စည်းများ

  • ကြက်သား - ၄၀သားခန့်
  • ငရုပ်ပုသီး - ၄တောင့်
  • ကြက်သွန်နီ - ၃ဥ
  • ကြက်သွန်ဖြူ - ၂တက်
  • ဂျင်းလက်တစ်ဆစ်ခန့် - ၁တုံး
  • နနွင်းမှုန့်  - ၁ဇွန်း (လက်ဖက်ဇွန်း)
  • ဆား - ထမင်းစားဇွန်းဝက်
  • ဟင်းခတ်မှူန့် - ၁ဇွန်း (လက်ဖက်ဇွန်း)
  • မဆလာ - တစ်ထုပ် (အထုပ်သေး)

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သားများကို ဆေးကြောသန့်စင်ပြီး ဆား ၊ နနွင်း ၊ ဟင်းခတ်မှူန့်တို့ဖြင့် နယ်ထားပါ ။
  2. ငရုပ်ပုသီးကို ရေစိမ်ပြီး ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းတို့ကို ညှက်အောင် ရောထောင်းထားပါ ။
  3. ဒယ်အိုးထဲ ဆီထည့်ပြီး ထောင်းထားတဲ့ ငရုပ်သီးအနှစ်များကို မွှေးနေအောင် ဆီသတ်ပါ ။ ပြီးရင် ကြက်သားထည့်ကြော်ပါ ။   ရေစစ်ပြီး ခြောက်အောင်ကြော်ပြီး ရေအမြုပ်ထည့်ကာ အဖုံးပိတ်ပြီး ဆီပြန်တဲ့ထိထားကာ မဆလာမွှေးမွှေးအုပ်ပြီး မီးပိတ် စားသုံးနိုင်ပါပြီး ။
Credit: Thida Lay Lay

Review

User Rating

5 (1 Votes)