ကြက် အသဲအမြစ် အရိုးသုတ်

Share this on:

13444053_10154525171578132_461102364_n

1

1

1

ပါဝင်ပစ္စည်း

  • ကြက်သား
  • ကြက်ရိုးများ (လည်ပင်း ၊ တောင်ပံ ၊ ခြေထောက်)
  • ကြက်အူ
  • အသဲ အမြစ်
  • ခရမ်းချဉ်သီး (မထူမပါး လှီးထားပါ)
  • ဂေါ်ဖီ (ပါးပါးလှီးထားပါ)
  • သခွါးသီး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ)
  • ငရုပ်သီးစိမ်း (ပါးပါးလှီးထားပါ)
  • ငရုပ်သီးအမှုန့်
  • သံပုရာသီး
  •့ ပဲမှုန့်
  • ပူတီနံ
  • နံနံပင်
  • ဆနွင်း
  • ဆား
  • ခေါက်ဆွဲ

ပြုလုပ်နည်း

  1. ကြက်သား ၊ အမြစ် ကို ရေဆေး ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ်ပြီး နူးခံနီးတွင် အသဲကို ထဲ့ပြီး တအိုးထဲတွင် နူးသည်အထိ ပြုတ်ပြီး အအေးခံ ထားပါ ။
  2. ကြက်ရိုးများ (လည်ပင်း ၊ တောင်ပံ ၊ ခြေထောက်)  ရေဆေး ပြီး ဆား ၊ ဆနွင်း နယ်ပီး ရေနဲ့ပြုတ် နူးလာရင် ဆယ်ပြီး အအေးခံထားပါ ။
  3. ပဲမှုန့် အစိမ်းကို ဆား ၊ ဆနွင်း နည်းနည်း ထည့်ပြီး ရေဖျော်ထားပါ ။
  4. ကြက်ပြုတ်ထားသည့် ကြက်ပြုတ်ရည် ထဲကို ရေဖျော် ထားတဲ့ ပဲရည်တွေ ထည့်ပီး ကျိုပါ ။  ပဲအစိမ်းနံ့ ပျောက်အောင် ကျိုပါ ။ အနည်းငယ် ဆူပွက်လာရင် ရပါပြီ ။
  5. စားတော့မည် ဆိုလျင် မိမိနှစ်သက်ရာ ကြက်သား ၊ ကြက်ရိုး ၊ အသဲအမြစ် ကို အနေတော် လှီးရ်ျ ပဲရည် ဆမ်းပြီး ဂေါ်ဖီ ၊ ကြက်သွန်နီ ၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမှုန့်  ၊ ပူတီနံ အစရှိသည့် မိမိ ကြိုက်နှစ်သက်သည့် အဆာပလာများ ထည့်ပြီး သံပုရာညှစ် ၊ ထည့်ပြီး ချဉ်စပ် သုပ်စားပါ ။
  6. အိမ်က ကလေးများက ခေါက်ဆွဲပါ ထည့်ရ်ျ သုတ်ရသည်ကို နှစ်သက်ရ်ျ  ခေါက်ဆွဲပါ ထည့်ထားပါသည် ။
My Food Myanmar

Review

User Rating

4.4 (5 Votes)