ကြက်သောက်ဆမ်း

Share this on:

ဆင်ခရမ်းသီးနှင့် ကြက်အာပူရွက်နဲ့ ချက်တဲ့ ကြက်သောက်ဆမ်း ခရီးသွားရင်းနဲ့ စားခဲ့ပြီး ချက်နည်းလေးကို မေးလာခဲ့လို့ အခုချက်စားလိုက်ပါပြီ ။

ပါဝင်ပစ္စည်းများ

  • ဆင်ခရမ်းသီး (အခွံနွာပြီး ပါးပါးလှီးထားပါ)
  • ကြက်အာပူရွက်
  • ငြုပ်ကောင်း
  • ငြုပ်သီးစိမ်း
  • ချင်း
  • ကြက်သွန်ဖြူ
  • ငြုပ်သီးအစိမ်းမှုန့် အနည်းငယ် (ညက်ညက်ထောင်းထားပါ)
  • ဆား
  • ဟင်းခတ်မှုန့်
  • နနွင်း
  • ငါးပိစိမ်းစား

ပြုလုပ်နည်း

  1. ပါဝင်ပစ္စည်းများ အားလုံးကို အိုးတစ်လုံးထဲထည့်ပြီး ဆီ နှင့် ရေ အနည်းငယ်ထည့်ကာ လုံးနယ်၍ ချက်ပါ ။
  2. ဆူလာမှ ရေအနေတော် ထပ်ထည့်ကာ အာပူရွက်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ ။
  3. ကြက်သောက်ဆမ်းသည် ဆီနည်းတဲ့ဟင်းမို့ ဗမာ ကြက်နဲ့ချက်လျှင်ပိုပြီး အရသာ ကောင်းပါတယ် ။ အခုဟင်းက ဗမာကြက် တကောင်လုံးရဲ့ အရိုးနဲ့ချက် ထားတယ် အားပေးကြပါအုံး ။
  4. အခုဟင်းက ဗမာကြက် တကောင်လုံးရဲ့ အရိုးနဲ့ချက် ထားတယ် အားပေးကြပါအုံး ။
Credit: Khin Aye Hla

Review

User Rating

3.8 (24 Votes)