ဘူးသီးနုနု နှင့် ကြက်ကာလသားချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သား - ၃၀ ကျပ်သား (အနေတော် အတုံးလေးတွေလှီးထားပါ)
  • ဘူးသီးနုနု - ၁ လုံး (အနေတော် အတုံးလေးတွေလှီးထားပါ)
  • ခနောကြက်သားမှုန့် - ၁ စွန်း ခွဲ စားပွဲစွန်း (၁ စွန်း ကြက်သားနယ်ရန်)
  • နံနံပင် - ၃ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထားပါ)
  • ရေသန့် - ၁ ခွက် ခွဲ (ဟင်းချက်ရန်တိုင်းသောခွက်)
  • သစ်ကြပိုးမှုန့် - ၁ စွန်း လက်ဖက်စွန်း
  • ဆား - ၁/၃ ပုံ စွန်း လက်ဖက်စွန်း

ပြုလုပ်နည်း

  1. ဖန်ဇလုံးကြီးထဲ ခနောကြက်သားမှုန့် ၁ ဇွန်း၊ ဆား၊ သစ်ကြပိုးမှုန့် နှင့် ကြက်သားတုံးများ ကို ၁၅ မိနစ်လောက် နယ်နှပ်ထားပါ။
  2. အိုးကြီးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းလာလျှင် ကြက်သားတုံးများထည့်ပြီး ၅-၈ မိနစ်လောက် တည်ပါ။ နှံ့အောင်မွှေပေးပါ။ ရေသန့်ထည့်ပြီး ဆူအောင်တည်ပါ။ အသားနူးအောင်တည်ပါ။ အသားနူးခံနည်း ဘူးသီးစိတ်များထည့်ပါ။
  3. မီးအနေတော် နှင့် တည်ပါ။ ခပ်ဖွဖွလေး မွှေပါ ဘူးသီးတုံးများ ပုံမပျက်အောင်။ အရေများများ နှင့်ချပါ။ ရေလိုလျှင် ရေအနည်းငယ်ထည့်ပါ။ ဆားမြည်းပါ၊ နံနံပင် ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများထည့်ပါ။ လိုအပ်လျှင် ခနောကြက်သားမှုန့်ထပ်ထည့်နိုင်ပါတယ်။ မီးဖိုပေါ်က ချခံနည်းမှာ နံနံပင်အုပ်ပါ။ ပူပူလေး ထမင်းဖြင့် သုံးဆောင်လျှင်ပိုကောင်းပါတယ်။
ဟင်းအနှစ်လုပ်ရန်

ဆီ ၁ စွန်း ခွဲ စားပွဲစွန်း
  • ကြက်သွန်ဖြူ - ၃ မွှာ (ထောင်းထားပါ)
  • ကြက်သွန်နီ - ၃ လုံး (ထောင်းထားပါ)
  • နနွင်းမှုန့် - တစ်ဝက် စွန်း လက်ဖက်စွန်း
  • ငရုတ်သီးမှုန့် - ၁ စွန်း ခွဲ လက်ဖက်စွန်း
  • ငံပြာရည် - တစ်ဝက် စွန်း စားပွဲစွန်း
  • ဂျင်း - လက်တစ်ဆစ် (ထောင်းထားပါ)

    Knorr
  • Review

    User Rating

    5 (2 Votes)