ရှမ်း - Shan | ခေါက်ဆွဲ - Noodles

ကြက်သား ရှမ်းခေါက်ဆွဲ (Chicken Shan Noodle)

June 28, 2016

ကြက်သား ရှမ်းခေါက်ဆွဲ (Chicken Shan Noodle)

Share this on:

ရှမ်းခေါက်ဆွဲကို ကိုယ့်စိတ်ကြိုက်အသား ကိုယ်ပိုင်အရသာလေးဖြင့် ပြန်လည်ချက်စားတာ စိတ်ဝင်စားစရာကောင်းပြီး အရသာ ဆွဲဆောင်မှုကောင်းတာကြောင့် မစည် ချက်စားတယ့် နည်းလေးကို အားလုံးပြန်လုပ်စားလို့ ရအောင် ဖော်ပြလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ (ကြက်သားအနှစ်လုပ်ရန်)

  • ဆီ - ၂ ဇွန်း ခွဲ စားပွဲဇွန်း
  • ကြက်သွန်ဖြူ - ၃ တက် (နုတ်နုတ်စင်းထားပါ)
  • ကြက်ကြိတ်သား - ၁၈၀ ဂရမ်
  • ခရမ်းချဉ်သီး - ၃ လုံး (ပြုတ်ထားပါ၊ အခွံတွေ ခွာထားပါ)
  • ပဲငံပြာရည်အကြည် - ၁ ဇွန်း စားပွဲဇွန်း
  • နနွင်းမှုန့် - ၁/၄ ပုံ လက်ဖက်ဇွန်း
  • အရောင်တင်မှုန့် - ၃ ဇွန်း လက်ဖက်ဇွန်း

ပြုလုပ်နည်း

  1. ဒယ်အိုး အကြီးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ မွှေးလာသည် အထိ တည်ပါ ။ ပြီးလျင် ကြက်သားအနှစ်လုပ်ရန် ကျန်ပါဝင်ပစ္စည်း များထည့်ပြီး တည်ပါ ။  မီးအေးအေး ဖြင့် ၈-၁၀ မိနစ်လောက် တည်ပါ ။ မွှေပေးပါ ။ ခရမ်းချဉ်သီး နှင့် ကြက်သားနူးအိ ရေခမ်းလျင်ရပါပြီး ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ ။
  2. သုံးဆောင်ရန် ပုကန်လုံးထဲ ခေါက်ဆွဲ ၊ ကြက်သားအနှစ် ၊ ကြက်သွန်မြိတ် ၊ မြေပဲမှုန့် ၊ နှမ်း နှင့် ငရုတ်သီး ကြော်များ လိုသလောက်ထည့် သုံးဆောင်လို့ ရပါပြီ ။ ခေါက်ဆွဲနှင့်အတူ တွဲပြီး ကြက်ပြုတ်ရည်ဟင်းရည် ၊ ၀က်အခေါက် နှင့် ရှမ်းချဉ်များ တို့ဖြင့် အတူတွဲသုံးဆောင်လို့ ရပါသည် ။
အတူတွဲစားရန် ပါဝင်ပစ္စည်းများ

  • ဆန်ခေါက်ဆွဲလုံး - ၅၀ ကျပ်သား
  • မြေပဲလှော် - ခွက်တစ်ဝက် (မညက်တစ်ညက်ထောင်းထားပါ)
  • ကြက်သွန်မြိတ် - ၃ ပင် (ခတ်သေးသေးလေးတွေလှီးထားပါ)
  • နှမ်းလှော် - ၃ ဇွန်း စားပွဲဇွန်း
  • ၀က်အခေါက်ကြော် - ၈ ထုပ် (ရှမ်းခေါက်ဆွဲနှင့် အတူ တွဲစားရန်)
  • ငရုတ်သီးကြော် - လိုသလောက် (ရှမ်းခေါက်ဆွဲနှင့် အတူ တွဲစားရန်)
  • ရှမ်းချဉ် - လိုသလောက် (ရှမ်းခေါက်ဆွဲနှင့် အတူ တွဲစားရန်)

    Credit: Syilwin Foodsgarden
  • Review

    User Rating

    3 (11 Votes)