ပါဝင်ပစ္စည်းများ

  • ဗမာကြက်(ခ) အိမ်ကြက် – ၁ ကောင်(၄၀ကျပ်သားခန့်)
  • ငှက်ပျောအူ – ၁ ခု( ၂ တောင်ခန့်ရှိသော)
  • ကြက်သွန်နီ – ၂ လုံး
  • ကြက်သွန်ဖြူ – ၅ တက်
  • ချင်းသေးသေး – ၁ တက်

Source: From the Farmer

  • စပါးလင် – ၂ ချောင်း(အဖြူ ပိုင်းသာ)
  • ငရုတ်ပွတောင့်နီအရှည် (အရောင်လှသော) – ၅ တောင့်ခန့်(ရေစိမ်ထားပါ)
  • ရှမ်းနံနံ – ၃ ပင်ခန့် (ပါးပါးလှီး)
  • ဆား (သို့) ငါးငံပြာရည်
  • ကြက်သားမှုန်  (သို့ ) ဟင်းခတ်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

  • ကြက်သားတစ်ကောင်လုံး ( ခေါင်း ၊ခြေထောက် ၊ အတွင်းကလီစာပါ) ကို အနေတော်အတုံးများ တုံးပြီး ၊ ဆား ၊ ဟင်းခတ်မှုန့် ၊   ထောင်းထားသောချင်း ၊ နနွင်းမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပါ ။
  • ငှက်ပျောအူတိုင် အရင့်တွေကို အတွင်းအဖြူသား အရွက်လိပ် ရောက်ခါနီးထိကို ခွါထုတ်ပစ်ပါ ။  အဖြူ ရောင်အူတိုင်လေးကို လက် ၂ဆစ်ခန့် လှီးဖြတ်ပြီး သံပုရာရည် (သို့) ဗီနီဂါရည်ပါသော ရေမှာ စိမ်ထားပါ ။  (အရောင်းမပြောင်းစေရေန် သတိပြုပါ )
  • ရေစိမ်ထားသော ငရုတ်သီး ၊ စပါးလင် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တွေကို ညှက်နေအောင် ထောင်းပါ ။ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားသောအရောကို ဆီသတ်ပါ ။ အနည်းငယ်မွှေးလာလျှင် အရသာနယ်ထားတဲ့ ကြက်သားတွေ ပေါင်းထည့်မွှေပေးပါ ။  ကြက်သားတွေ အပေါ်ယံတင်းပြီး လုံးသွားပြီဆိုမှ ရေအနည်းငယ် ဝိုက်ထည့်ကာ အဖုံးပိတ်ပြီး ကြက်သား ၃ပုံ ၂ပုံ နှူးသည်အထိ ချက်ပါ ။  ထိုအချိန်ရောက်မှ သံပုရာရည်စိမ်ထားတဲ့ ငှက်ပျောအူနုဖတ်တွေ   ပေါင်းထည့်ပေးပါ ။ အပေါ့အငံ မြည်း၍ နောက်ဆုံး ပါးပါးလှီးထားသော ရှမ်းနံနံလေးတွေ အုပ်ပြီး သုံးဆောင် နိုင်ပါသည်

Credit: ဟင်းချက်နည်းများ