ငပိ - Ngapi | အသီး - Fruits | အကြော် - Fried

မရမ်းသီး ငပိကြော်

July 7, 2016

မရမ်းသီး ငပိကြော်

Share this on:

မရမ်းသီး တွေလှိုင်လှိုင်ပေါ်နေပြီးဆိုတော့ ချက်စားလို့ ရအောင် တင်ပေးလိုက်ပါတယ် ။ (Fried Marian with Shrimp Paste)
ချဉ်ချဉ်စပ်စပ် ကြိုက်သူများ အတွက် မရမ်းသီး ငပိကြော်လေး ထမင်း မိန်မိန် စားလို့ရအောင် ရှယ်လိုက်ပါတယ် ။ ကြော်စား ဖြစ်အောင် ကြော် စားကြည့်နော် ။

ပါဝင်ပစ္စည်းများ

  • မရမ်းသီးစိမ်း - ၁၅ ကျပ်သား (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေ လှီးထားပါ)
  • ကြက်သားမှုန့် - ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ပုစွန်ခြောက်မှုန့် - ၂ ကျပ်ခွဲသား
  • ငြုပ်သီးစိမ်း - ၅ တောင့် (အနေတော် လှီးထားပါ)
  • ငြုပ်အကြမ်းဖတ်မှုန့် - ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း)
  • အသီးအရွက်ဆီ - ၃ ကျပ်သား (ဆီလို လျှင် ထပ်ထည့်ပါ)
  • ငံပြာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း) (လိုလျှင် ထပ်ထည့်ပါ)
  • ကြက်သွန်နီ - ၃ လုံး ( ထောင်းထားပါ )
  • ကြက်သွန်ဖြူ - ၆ မွှာ (၃ မွှာကို ထောင်းထားပါ ၊ ၃ မွှာကို ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် - ဇွန်းတစ်ဝက် (လက်ဖက်ရည်ဇွန်း )
  • ငါးပိစိမ်းစား - ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. မကပ်သော အကြော် အိုးထဲ သို့ဆီ ထဲ့ပါ ။ ပူလာလျှင် ကြက်သွန်နီ နှင့် နနွင်းမှုန့် ကိုအရင် ဆီသတ်ပါ ။ နွမ်းလာလျှင် ငါးပိစိမ်းစား ၊ ကြက်သွန်ဖြူ ၊ ငံပြာရည် ၊ အသီးအရွက်ဆီ နှင့် ငြုပ်အကြမ်းဖတ်မှုန် တို့ကို ထည့်ပြီး နှံ့အောင်မွှေပါ ။
  2. အားလုံး မွှေးပြီး ရွှေရောင် သန်းလာလျှင် ပုဇွန်ခြောက်မှုန့် ထည့်ပါ ။ အနည်းငယ် ခြောက်ပြီး ပုဇွန်ခြောက်များ ကျွတ်လာလျှင် မရမ်းသီးများ ရောပါ ။
  3.ိနှံ့အောင် မွှေပေးပါ ။ ပါးပါးလှီး ထားသော ကြက်သွန်ဖြူကို ရောပါ ။ မရမ်းသီး နွမ်းလာလျှင် ရပါပြီ ။
  4. လှီးထားသော ငြုပ်သီးစိမ်း များကို ထည့်ပါ ။ ကြက်သားမှုန့် ဖြူးပါ ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ် ။ ထမင်းပူပူ ကို ပဲဟင်းချိုနဲ့ တွဲစားမယ်ဆိုလျှင် အင်မတင် လိုက်ဖက်ပါတယ် ။
  5. ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ် ဆိုရင်တော့ ဆီလျှော့ထဲ့ပါ ။ သံလွင်ဆီ သုံးပါ ။ အငံ နှင့် ပုဇွန်ခြောက်မှုန့်များ လျှော့ထဲ့ပါ ။
မှတ်ချက်- ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ် ဆိုရင်တော့ ဆီလျှော့ထဲ့ပါ။ သံလွင်ဆီ သုံးပါ။ အငံ နှင့် ပုဇွန်ခြောက်မှုန့်များ လျှော့ထဲ့ပါ။

Credit: Syi Foodsgarden

Review

User Rating

5 (3 Votes)