OKONOMIYAKI လို့ ခေါ်ပြီး ကော်ဖီထုပ်ပန်ကိတ်လို့လည်း ခေါ်တဲ့ ဟင်းလျာ တစ်မျိုးကို မျှဝေချင်ပါတယ်။ စားလို့မြိန်ပြီး ထမင်းနဲ့ပဲ စားစား ဒီအတိုင်းပဲ စားစား စားကောင်းစေတဲ့ ဟင်းလျာ တစ်ခုပါ။ အာဟာရဖြစ်စေပြီး ချက်ရလည်း လွယ်ကူတဲ့ အတွက် သင့်အိမ်က လူတွေတော့ အကြိုက်တွေ့ဦးမယ့် ဟင်းပါ။

ingredients-3

ပါဝင် ပစ္စည်းတွေကတော့

  • ကြက်ဥ ငါးလုံး
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
  •  နှမ်းဆီ တစ်ဇွန်း
  • ဆား တစ်ဇွန်း
  • အကြော်မှုန့် ခွက်ရဲ့ ၃ပုံ၁ပုံ
  •  ကော်ဖီထုပ် လှီးပြီးသား အနည်းငယ် (ချိန်ပြီး ထည့်ပါ။ )
  • ကြက်သွန်မြိတ် အနည်းငယ်
  • အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း အနည်းငယ်

cabbagescallions-1

ပြုလုပ်ပုံ

ကြက်ဥကို ဖောက်ပြီး ပါဝင်ပစ္စည်း အကုန်နဲ့ ရောမွှေပေးပါ။ ဆီအိုးတည်ပြီး အချပ်လိုက်လေးတွေ ကြော်ရုံပါပဲ။

fryingthepancakes-1

တွဲဖက်စားမယ့် အချဉ်ကတော့ ဘိတ်ချဉ်လို့ ခေါ်တဲ့ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ရှာလကာရည်နဲ့ ငရုတ်သီးစိမ်း အတွဲဆိုလည်း ရပါတယ်။ ဒါမှမဟုတ် အချဉ် သပ်သပ် ထပ်စပ်ရင်လည်း ရပါတယ်။

cabbageoancakes2-1