ဟင်း - Curry | ပြည်ကြီးငါး - Squid

ကမ်းစပ်ပြည်ကြီးငါးချက် (The Beach Squid)

August 6, 2016

ကမ်းစပ်ပြည်ကြီးငါးချက် (The Beach Squid)

Share this on:

ပင်လယ်ကမ်းခြေမှာ နေကျသော သူတွေအတွက် သိပ်ကိုကံကောင်းကျပါတယ် ။  ပင်လယ်မှာ ငါးလှေများ တက်လာလျှင် လတ်လတ်ဆတ်ဆတ် ရရှိလာသော ငါးများ ကို အိမ်သူများက ခြံထွက် အသီးအနှံ့များနှင့်  မြန်ဆန်စွာ ရှိတာလေးဖြင့် ချက်ပြုတ်ထားသော ဟင်းဖြစ်ပါတယ် ။ မစည် ပင်လယ်ကမ်းခြေ သွားတုံးက စားဖြစ်ခဲ့  သောဟင်းကို မစည် အကြိုက်ပြန်လည်ပြုပြင်ပြီး အားလုံး လဲပြန်ချက်စားကြည့်လို့ရအောင် ပြန်ရှယ်ပေးလိုက်ပါတယ် ။

The Beach Squid

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး  - ၂၅ ကျပ်သား (သန့်စင်ပြီး အကောင်လိုက်ထားပါ)
  • ကိုင်းခရမ်းချဉ်သီး  -  ၃ သုံး (ခတ်ကြမ်းကြမ်းလေး လှီးထားပါ)
  • ငရုတ်သီးစိမ်း   -  ၈ တောင့် (ကြမ်းကြမ်းလေး ညှပ်ထားပါ)
  • နနွင်းမှုန့်  -  အနည်းငယ်
  • ပင်စိမ်း  -  ၃ ပင် (ခတ်ကြမ်းကြမ်းလေး လှီးထားပါ)
  • စိမ်းစားငပိ  -  ၁ ဇွန်း လက်ဖက်ဇွန်း
  • စပါးလင်  -  ၁ ပင် (ထုပြီး ထုံးထားပါ)
  • ကြက်သွန်နီ  -  ၁ လုံး (ခတ်ကြမ်းကြမ်း လှီးထားပါ)
  • ဆီ  -  ၁ ဇွန်း လက်ဖက်ဇွန်း
  • ဆား  -  အနည်းငယ် (ဆားမြည်းပြီး လိုသလောက်ထည့်ပါ)

ချက်ပြုတ်နည်း

  1. ဟင်းအိုးထဲ သို့ ရေအနည်းငယ် နှင့် ပင်စိမ်းကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး တည်ပါ ။
  2. ပွတ်ပွတ်ဆူလာလျှင် ရပါပြီး ။  ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ ။  အရည်လေးဖြင့် ထားပါ ။  ပင်စိမ်းအုပ်၍  ထမင်းပူပူလေးဖြင့် တွဲစားက လိုက်ဖက်ပါတယ် ။
Credit: SyiLwin Foodsgarden

Review

User Rating

5 (2 Votes)