အသီးဖျော်ရည်တွေကိုသောက်ပေးတာက ရင်အေးပြီး အမောပြေစေပါတယ်။ အိမ်မှာသာ Blender ရှိရင် အသီးဖျော်ရည်အမျိုးမျိုး ဖျော်သောက်လို့ရပါတယ်။ ဒါကြောင့် လတ်ဆတ်ပြီး အရသာရှိတဲ့ အသီးဖျော်ရည်လေးမျိုး ဖျော်နည်းကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Watermelon Coconut Cooler

Blander ထဲကို လှီးထားတဲ့ ဖရဲသီး – ၂ ခွက်စာ၊ အုန်းရည် – ၁ ခွက်စာနဲ့ သံပုရာအရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။ မွှေပြီးတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲကို ရေခဲတုံးတွေထည့်ပြီး ဖျော်ရည်ထည့်သောက်လို့ရပါပြီ။

Tropical Fizz

Blender ထဲကို လှီးထားတဲ့သရက်သီး – ၂ ခွက်စာ၊ လှီးထားတဲ့စတော်ဘယ်ရီ – ခွက်တစ်ဝက်စာ၊ လိမ္မော် Juice – ခွက်တစ်ဝက်စာ၊ သံပုရာအရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေပေးပါ။ မွှေပြီးတာနဲ့ Sparkling (စပါကလင်) – တစ်ခွက်ခွဲစာထည့်ပြီး ဇွန်းနဲ့မွှေပါ။ ပြီးရင်တော့ ခုနကလိုပဲ ကိုယ်သောက်မယ့်ခွက်ထဲကို ရေခဲတုံးတွေထည့်ပြီး ဖျော်ရည်ထည့်သောက်လို့ရပါပြီ။

Pineapple Punch

Blender ထဲကို လှီးထားတဲ့နာနတ်သီး – ၁ ခွက်စာ၊ လှီးထားတဲ့ငှက်ပျောသီး – ၁ ခွက်စာ၊ လိမ္မော် Juice – ခွက်တစ်ဝက်စာ၊ အုန်းနို့ – ခွက်တစ်ဝက်စာနဲ့ ရေ – ခွက်ရဲ့ လေးပုံ ပုံ သုံးပုံစာ ထည့်ပြီးမွှေပေးပါ။ မွှေပြီးတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲကို ရေခဲတုံးတွေထည့်ပြီး ဖျော်ရည်ထည့်သောက်လို့ရပါပြီ။

Blueberry Lemonade

Blender ထဲကို Blueberries – ၁ ခွက်စာ၊ သံပုရာအရည် – စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ ရေ – ခွက်တစ်ဝက်စာထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ အဖတ်တွေမပါအောင် ဇကာနဲ့စစ်ပြီး ခွက်တစ်ခုထဲ ပြောင်းထည့်ပါ။ ပြီးရင်တော့ Sparkling (စပါကလင်) – တစ်ခွက်ခွဲစာနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်မွှေပါ။ နောက်ဆုံးမှာတော့ ကိုယ်သောက်မယ့်ခွက်ထဲကို ရေခဲတုံးတွေထည့်ပြီး ဖျော်ရည်ထည့်သောက်လို့ရပါပြီ။

Photo Source: www.tasty.com