ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး မှည့်မှည့်
- ဆား
- ငြုပ်မှုန့်
- နနွင်း
- ငါးကြင်းဖြူကြော်
- ဘိုကိတ်ပဲ
ပြုလုပ်နည်း
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့် ခရမ်းချဉ်သီး မှည့်မှည့်ကို မီးအေးအေးနှင့် အိလာအောင် ဆီသတ် ၊ ဆားသင့်ရုံထည့်ကာ အုပ်ထားပါ ။
- ိနူးအိလာပြီဆိုလျှင် ငြုပ်မှုန့်ထည့်၍ ဆား ၊ နနွင်းလူးပြီး ကြော်ထားသော ငါးကြင်းဖြူ ထည့်ပါ ။ ရေသင့်ရုံ ထည့်ပြီး ဆူလာမှ ကင်ပွန်းဖူးလေးတွေ ထပ်ထည့်ပါ ။
- ခဏအကြာတွင် အပေါ့ အငံ အတွက် ဆား သင့်ရုံ ထည့်ဆမ်းစားဖို့ ရေလေး ချန်ပြီး မီးဖိုမှ ချလို့ရပါပြီ ။
- ဘိုကိတ်ပဲကို ဆား ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီးတစ်လုံး ၊ နနွင်း ၊ ဆီလေးနဲ့ rice cooker နှင့်နူးအိလာသည်ထိ ချက်ပေးပြီး ချခါနီး နံနံပင်လေးတွေ အုပ်ပေးပါ ။
- အရသာမှုန့် နှင့် ဟင်းချိုမှုန့်များ လုံးဝ မလိုပဲ သဘာဝ အတိုင်းလေးနဲ့ အရသာရှိပြီး သိပ်ကိုလိုက်ဖက်တဲ့ ဟင်းစပ်လေးပါ ။ ငြုပ်သီးဆားထောင်းလေး ပါလျှင်ပိုပြီး လိုက်ဖက်ပါတယ် ။
Credit: Original Recipe Writer