ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး မှည့်မှည့်
  • ဆား
  • ငြုပ်မှုန့်
  • နနွင်း
  • ငါးကြင်းဖြူကြော်
  • ဘိုကိတ်ပဲ

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့် ခရမ်းချဉ်သီး မှည့်မှည့်ကို မီးအေးအေးနှင့် အိလာအောင် ဆီသတ် ၊ ဆားသင့်ရုံထည့်ကာ အုပ်ထားပါ ။
  2. ိနူးအိလာပြီဆိုလျှင် ငြုပ်မှုန့်ထည့်၍ ဆား ၊ နနွင်းလူးပြီး ကြော်ထားသော ငါးကြင်းဖြူ ထည့်ပါ ။ ရေသင့်ရုံ ထည့်ပြီး ဆူလာမှ ကင်ပွန်းဖူးလေးတွေ ထပ်ထည့်ပါ ။
  3. ခဏအကြာတွင် အပေါ့ အငံ အတွက် ဆား သင့်ရုံ ထည့်ဆမ်းစားဖို့ ရေလေး ချန်ပြီး မီးဖိုမှ ချလို့ရပါပြီ ။
  4. ဘိုကိတ်ပဲကို ဆား ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီးတစ်လုံး ၊ နနွင်း ၊ ဆီလေးနဲ့ rice cooker နှင့်နူးအိလာသည်ထိ ချက်ပေးပြီး ချခါနီး နံနံပင်လေးတွေ အုပ်ပေးပါ ။
  5. အရသာမှုန့် နှင့် ဟင်းချိုမှုန့်များ လုံးဝ မလိုပဲ သဘာဝ အတိုင်းလေးနဲ့ အရသာရှိပြီး သိပ်ကိုလိုက်ဖက်တဲ့ ဟင်းစပ်လေးပါ ။ ငြုပ်သီးဆားထောင်းလေး ပါလျှင်ပိုပြီး လိုက်ဖက်ပါတယ် ။

Credit: Original Recipe Writer