ရှေးတုန်းက မြန်မာလူမျိုးတွေဟာ စဉ်းနှီတုံးကို အပင်ရဲ့ ပင်စည်ကို ဖြတ်ပြီး သုံးလေ့ရှိကြပါတယ်။ တချို့နယ်တွေမှာလည်း သုံးနေကြဆဲပါ။ မန်ကျည်းသားဆို စဉ်းနှီးတုံးထဲမှာ အကောင်းဆုံးလို့တောင် ပြောကြပါတယ်။ အခုခေတ် အိမ်တော်တော်များများမှာတော့ ဒီလို ပင်စည်ကို ဖြတ်ထားတဲ့ စဉ်းနှီးတုံးအစား ပလပ်စတစ်ပြား သို့မဟုတ် သစ်သားပြားမျိုးတွေကို သုံးလာကြပါတယ်။ အမြဲတမ်း တွေးမိတဲ့ အတွေးတစ်ခု ရှိပါတယ်။ ပလပ်စတစ်နဲ့ သစ်သား မှာ ဘယ်ဟာက ပိုပြီး သုံးသင့်လဲ ပိုပြီး သင့်တော်လဲပေါ့။ တချို့ကလည်း ပလပ်စတစ်နဲ့ သုံးရင် ညစ်ပတ်လွယ်ပြီး အစားအစာတွေကို အန္တာရာယ် ဖြစ်စေတယ်လို့ ယူဆကြပါတယ်။ ဒီတော့ သူတို့ ၂ခုရဲ့ အဓိက အချက်တွေကို လေ့လာကြည့်လိုက်ကြရအောင်…

၁။ စဉ်းနှီတုံး ၂မျိုးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ
**သစ်သား စဉ်းနှီတုံး
ကောင်းကျိုး – သစ်သားရဲ့သဘာ၀ ဖြစ်စဉ်ဟာ မျက်နှာပြင်ပေါ်မှာ ပိုးမွှားတွေကို ဖယ်ရှားပစ်စေပါတယ်။ သန့်ရှင်းရတာ လွယ်ကူတယ်။
ဆိုးကျိုး – ပိုးမွှားတွေဟာ အောက်ဘက်မျက်နှာပြင်မှာ ခိုနေတတ်ပြီး နောက်ထပ် တင်မယ့် အစားအစာသစ်ထဲကို ဝင်ရောက်သွားနိုင်တယ်။ စဉ်းနှီတုံးလုပ်တဲ့ သစ်သားဟာ white ash (အပင်တစ်မျိုး၊ ပင်စည်က မန်ကျည်ပင်နဲ့တူ)ကရတဲ့ သစ်နဲ့ဆိုရင် ပိုးမွှားတွေကို ဟန့်တားနိုင်တဲ့ ဂုဏ်သတ္တိရှိပေမယ့် သစ်သားဟာ အပင်ပေါင်းစုံက ယူထားတဲ့ သစ်နဲ့ လုပ်ထားတာဆိုရင် ပိုးမွှားတွေကို ဟန့်တားနိုင်တဲ့ ဂုဏ်သတ္တိရှိမှာ မဟုတ်ပါဘူး။

 

 

**ပလပ်စတစ် စဉ်းနှီတုံး
ကောင်းကျိုး – ပလပ်စတစ်ဟာ ရေစိမ့်ဝင်နိုင်စွမ်း (ရေနဲ့ထိရင် ပွသွားတာမရှိ)မရှိဘူး ဒါကြောင့် မျက်နှာပြင်မှာ ကျန်နေတဲ့ ပိုးမွှားတွေကို အလွယ်တကူ ဆေးကြော သုတ်သင်ပစ်လို့ရတယ်။ ပန်းကန်ဆေးစက်ထဲကိုလည်း ထည့်ပြီး သန့်စင်နိုင်တယ်။
ဆိုးကျိုး – ဒါးဟာ အလွယ်အကူ မျက်နှာပြင်ကို ထိမိတယ် အစင်းရာတွေ ဖြစ်ကုန်တတ်တယ်။ ဒီအစင်းကြောင်းတွေကြားမှာ ပိုးမွှားတွေ အောင်းနေရင် ဆေးဖို့ ခက်တယ်။ ပလပ်စတစ်ဟာ အပူဒဏ် သိပ်မခံနိုင်တဲ့ အတွက် အပူနဲ့ ထိမိတာမျိုးဆိုရင် သိပ်အဆင်မပြေနိုင်ဘူး။

၂။ အသုံးပြုပုံနဲ့ သန့်ရှင်းပုံ
– ဖြစ်နိုင်မယ်ဆိုရင် အသားစိမ်းလှီးတဲ့ စဉ်းနှီတုံးနဲ့ ဟင်းရွက်လှီးတဲ့ စဉ်းနှီတုံးကို ခွဲထားတာ ကောင်းပါတယ်။ စဉ်းနှီတုံး တစ်တုံးထဲမှာပဲ အသားလည်း လှီးမယ် ဟင်းရွက်လည်း လှီးမယ်ဆိုရင် အသားစိမ်းမှာ ပါတတ်တဲ့ ပိုးမွှားတွေဟာ အရွက်မှာ သွားပြီး ကပ်တတ်ပါတယ်။ အသားက ချက်လိုက်ရင် ပိုးတွေ သေစေပေမယ့် တချို့ဟင်းရွက်တွေက အစိမ်းစားတာဖြစ်လို့ ပိုးတွေ ပါသွားတတ်ပါတယ်။

– စဉ်းနှီတုံးကို သုံးပြီးတဲ့ အချိန်တိုင်း ရေခပ်နွေးနွေးလေးနဲ့ ဆေးပြီး ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ။ ပန်းကန်ဆေးစက်ထဲကို ထည့်ပြီးလည်း ဆေးကြောနိုင်ပါတယ် ဒါပေမယ့် သစ်သားဆိုရင်တော့ စက်ထဲ မထည့်ပါနဲ့။
– စဉ်းနှီတုံးမှာ ဘယ်တော့မှ ရေတွေ ကျန်မနေပါစေနဲ့။ ဒါဟာ ပိုးမွှားတွေ ရှင်သန်ဖို့ အတွက် အားပေးပါတယ်။ ဆေးပြီးရင် ရေစစ်ပြီး ထောင်ထားပါ။

– တစ်ပတ်တစ်ခါလောက်တော့ စဉ်းနှီတုံးတွေကို ရှာလကာရည်၁ဆ ရေ၃ဆ ရောထားတဲ့ အရည်နဲ့ ဆေးပေးပါ။ ပြီးရင် ရေနဲ့ ထပ်ဆေးပြီး အခြောက်ခံပါ။

– စဉ်းနှီတုံးတွေကို ခြောက်သွေ့အောင် ထားပါ။ ပိုးမွှားတွေက စိုစွတ်နေမယ်ဆိုရင် သေတာ ပိုကြာပါလိမ့်မယ်။
– စဉ်းနှီတုံးတွေကို ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ အသားစိမ်း၊ အရွက်စိမ်းတို့နဲ့လည်း ဝေးဝေးမှာ ထားပါ။

၃။ ပလပ်စတစ် စဉ်နှီတုံးရောင်စုံ သုံးနိုင်
color-cutting-board

၄။ မြောင်းပါတဲ့ စဉ်းနှီတုံး
အသားစိမ်း၊ ကြက်ဘဲ၊ ပင်လယ်စာနဲ့ ချက်ပြီးသား အစားအစာတွေကို ဖြတ်တဲ့အခါ မြောင်းလေးပါတဲ့ စဉ်းနှီတုံးကို ရွေးတာ ပိုသင့်တော်ပါတယ်။ သွေးတွေနဲ့ တခြား အရည်တွေက မြောင်းထဲကို စီးသွားပြီး သန့်ရှင်းရတာ လွယ်ကူပါတယ်။

၅။ စဉ်းနှီတုံးကို ဘယ်အချိန်မှာ လဲမလဲ
သိပ်ကောင်းတဲ့ မေးခွန်းပါ။ စဉ်းနှီတုံး နှစ်မျိုးလုံးဟာ တစ်သက်လုံး အသုံးပြုလို့ရတဲ့ အရာတွေတော့ မဟုတ်ပါဘူး။ သေချာပေါက် အသစ်လဲရပါမယ်။ မျက်နှာပြင်ပေါ်မှာ အစင်းရာတွေ များလာရင်တော့ လဲလိုက်တာ အကောင်းဆုံးပါ။ ပိုးမွှားတွေက အစင်းတွေ နက်လာလေ ပိုဝင်လေ ဖြစ်တတ်ပါတယ်။ ပလပ်စတစ်တွေမှာဆို အပြားလိုက် ဖြစ်မနေတော့ဘဲ ကော့နေတာမျိုးတွေ အဖျားတွေက လန်နေတာမျိုးတွေ ဖြစ်ရင်တော့ လဲလိုက်ပါ။

Photo Credit: amoils.com