ဖျော်ရည်စက် (ကြိတ်စက်) ဆိုတာနေ့စဉ် အသုံးနည်းကျပါတယ်။ ဧည့်ခံပွဲ အထူးဟင်းပွဲ ဒါမှမဟုတ် မနက်စာ အသီးစုံဖျော်ရည် ဖျော်သောက်တာမျိုး တွေမှာ သာသုံးသော ကြိတ်စက် ကို ထိန်းသိမ်းဖို့ခက်ခဲပါတယ်။ ဖျော်ရည်စက် ကိုထိန်းသိမ်းရတာ လွယ်ကူရိုးရှင်းပါတယ်။ သေချာဂရုစိုက်ပြီး ထိန်းသိမ်းမယ် ဆိုလျင် ကြာရှည်ခိုင်ခံပြီး စက်လည်နှုန်းလဲ ကောင်းနေပြီး နှစ်ပေါင်းများစွာကြာအောင် အသုံးပြုနိုင်မှာပါ။

သတိမထားမိပဲဖြစ်ကောင်းဖြစ်နေမယ့် ဖျော်ရည်စက်လေးကို ထိန်းသိမ်းဖို့ နည်းလမ်း လေးတစ်ချို့ကို ဒီလရဲ့ This and That မှာ ဖော်ပြလိုက်ပါတယ်။

၁။ ဖျော်ရည်စက် ရဲ့ ပစ္စည်းအစိတ်အပိုင်းများ ကို မှန်ကန် သေချာအောင် အသုံးပြုတိုင်းတတ်ပါ။ များသောအားဖြင့် ဖျော်ရည်စက် ရဲ့အစိတ်အပိုင်းများကို မြန်မြန် ပြီး လျင်ပြီးရောဆိုပြီး တတ်ကျပါတယ်။ တစ်ခါတစ်လေ ပစ္စည်းများ အံဝင်ခွင်ကျ မဖြစ်တာမျိုးတွေရှိတတ်ပါတယ် ။

အဲဒီအခါကျရင် ဖျော်ရည်စက် အလုပ်မလုပ်သလို တစ်ခုခု ကျိုးပဲ့သွားတတ်ပါတယ်။ လုံးဝပျက်စီးလောင်ကျွမ်းတာမျိုးတွေလဲရှိတတ်ပါတယ်။ ဒါကြောင့် ဖျော်ရည်စက် ကိုသေချာတတ်ဆင် သုံးစွဲပါ။

၂။ ဖျော်ရည်စက် ဖြင့်ဖျော်လို့ရသော အရာပဲဖျော်ပါ။ မာကျောလွန်းသော အရာများ အစားအစာ နှင့် မပတ်သက်သော အရာများ ကို ထည့်မမွှေ့သင့်ပါ။

၃။ ဖျော်ရည်စက် ထဲထည့်မွှေ့မည် အစားအစာများကို အတုံးလေးများ အကြမ်းလှီးပြီး မွှေ့ပါ။ အတုံးလိုက်ထည့်ကြိတ်တာတော့ရပါတယ်၊ ဒါပေမယ့် ဖျော်ရည်စက်ရဲ့ အောက်ဖက် ဓားလက်အထိမရောက်ရင် မွှေ့ရတာအဆင်ပြေမှာ မဟုတ်ပဲ အသံဆူကြီးထွက်ပြီး စက်ပူလာပါလိမ့်မယ်။ ဒါကြောင့် အတုံးအသေးလေးတွေ တုံးပြီး ထည့်ကြိတ်ပါ။ ကြိတ်ရတာလွယ်ကူပြီး စေပါတယ်။

၄။ တစ်ခါကြိတ်လျင် အနည်းငယ်ထည့်ကြိတ်ပါ။ တစ်ခါတစ်လေ အချိန်မရတာ၊ ကြိတ်ရမယ့် အစားအစာများတယ့် အခါမျိုးတွေမှာ ရှိသမျှ အကုန်ထည့်ကြိတ်တတ်ကျပါတယ်။ မလုပ်သင့်ပါဘူး၊ ဖျော်စက် ကြပ်လေ ကြိတ်ရခက်လေပါ။ စက်မလည်တာမျိုးတွေ လဲဖြစ်တတ်သလို မညက်လွယ်ပဲ အချိန်ကြာမြင့်စေပါတယ်။ ဒါကြောင့် တစ်ခါကြိတ်ရင် နည်းနည်းပဲထည့်ကြိတ်ပါ။

၅။ အစိုဓာတ်အပြည့်အဝပါသော အစားအစာများကို သုံးပါ။ ကြိတ်မယ်ဆိုလျင် အရည်များများ ထည့်ကြိတ်ပါ။ အရည်မပါပဲ ကြိတ်လျင် အနှစ်များက ဓားသွားရဲ့အပြင်ဘက်သာထွက်ကုန်ပါတယ်။ ဒါကြောင့် ကြိတ်သော အစားအစာ ပေါ်မူတည်ပြီး နွားနို့၊ ရေ၊ ဆီ၊ သစ်သီးရည် စသည်ဖြင့် အရေများထည့်ကြိတ်လျင် ပိုပြီးလျင်မြန်ချောမွေ့စွာကြိတ်နိုင်မှာပါ။

၆။ ကြိတ်သော အစားအစာပေါ်မှုတည်ပြီး အချိန်အတိုးအလျော့လုပ်ပေးပါ။ ကြိတ်စက် အတော်များများမှာ အချိန်အတိုးအလျော့ပါရှိပါတယ်။ ကြိတ်မည့် အစားအစာပေါ်မှုတည်ပြီး ပုံလေးတွေနှင့် ပြသထားပါတယ်။

၇။ ကြိတ်စက်ကို သုံးပြီးတိုင်း ရေဆေးသန့်ရှင်းပါ။ အဓိကနေရာဖြစ်သော ဓားလက် နေရာကို သေချာ ဆပ်ပြာရေပူပူဖြင့်ဆေးပါ။ ဒါမှမဟုတ် ရှာလကာရည်လောင်းပြီး ကြိတ်စက်ကို မွှေ့ပြီးဆေးပါ။

၈။ ကြိတ်စက် ဓားလက်ကို သေချာဖြုတ်ပြီးဆေးသင့်ပါတယ်။ သုံးပြီးတိုင်း မဟုတ်ပါ တစ်ခါတစ်လေမှပါ။

၉။ ရေဆေးပြီးတိုင်း သေချာ အဝတ်ဖြင့် ရေခြောက်အောင်သုပ်ပေးပါ။ ဓားလက် ကိုသတိထားသုပ်ပါ။ လေဖြင့်အခြောက်ထားလျင်လဲကောင်းပါတယ်။ ရေခြောက်လျင် သေချာပြန်တတ်ထားသင့်ပါတယ်။

၁၀။ ကြိတ်စက် သန့်ရှင်းရေးလုပ်ရာတွင် ဖန်ကရား ၊ ဓားလက်၊ ကြားခံရော်ဘာပြား များကိုသေချာစနစ်တကျ သန့်ရှင်းသင့်ပါတယ်။ ဖန်ကရားကို ပုကန်ဆေးစက်ထဲထည့်ဆေးလို့ရပါတယ်။ ဓားလက် နှင့် ကြားခံရော်ဘာပြားကိုတော့ လက်နှင့်ဆေးပါ။ လေဖြင့် ခြောက်ခံပြီးဆေးလဲရပါတယ်။

၁၁။ ကြိတ်စက် ကရားက ပုလတ်စတိတ် ဆိုလျင် ရေနွေးတစ်ဝက် ဆပ်ပြာရည်တစ်ဝက်ထည့်ပြီး နာနာ ခလောက်ပြီးဆေးပေးပါ။ ဓားလက် ဖြုတ်လို့မရသော စက်ဆိုလျင် ရေနွေးတစ်ဝက် ဆပ်ပြာတစ်ဝက် ထည့်ပြီး ၁၀-၁၅ စက္ကန့်လောက်မွှေ့ပါ။ အကုန်သန့်စင်သွားပါလိမ့်မယ်။

ကြိတ်စက်ကို အမျိုးအစားကောင်းတာပဲသုံးသုံး သာမန်အဆင့်ပဲသုံးသုံး သေချာဂရုတစ်စိုက်နှင့် သန့်ရှင်းရေးလုပ်သင့်ပါတယ်။ အသုံးပြုရာမှလဲ စနစ်တကျသုံးတတ်ဖို့လိုပါတယ်။ ကြိတ်စက်ကို ခြောက်သွေ့သော နေရာများမှာ ထားသင့်ပါတယ်။ ခလေးများ နှင့် လက်လှန်း မမှီသောနေရာမှာထားပါ။ မီးဖိုဘေးတွင် မထားသင့်ပါ။

အစားအစာ မကြိတ်ခင် အမြဲရေဆေးပြီး ခြောက်အောင် သုပ်ပြီးမှ ကြိတ်ပါ အသုံးပြုပါ လို့ အကြံပြုရင်း ဒီလဒီလောက်နှင့်ပဲ ရပ်နားပါရစေ။

စည် ကျောင်းတုန်း ကသင်ခဲ့ ရသော Caring and Maintaining kitchen tools မှ စိတ် ဝင်စား စရာ အကြောင်းလေးများနဲ့ အတူ

kitchentips.com

မှ ရရှိသော အကြောင်းအရာလေးများ နှင့် အတူပးူတွဲ ဖော်ပြလိုက်ပါတယ်။

Happy Caring your blender J

မှတ်ချက်- ဖော်ပြထား သည့်information သည် နိုင်ငံ တနိုင်ငံ နှင့် တနိုင်ငံ အနည်းငယ် ကွာခြား မှုလေးများ ရှိလျှင် ရှိတတ်ပါသည်။

 

1

 

Credit: Syi Foodsgarden