ပါဝင်ပစ္စည်းများ
- ကြက်ပေါင် – ၅ ခု
- ခရမ်းချဉ်သီးဆော့ – တစ်ဝက် (စားပွဲတင်ပုလင်း)
- ခရုဆီ – တစ်ဇွန်း (လက္ဘက်ရည်ဇွန်း)
- ကြက်သွန်ဖြူကြိတ်ပြီးသား – အနည်းငယ်
- ငရုပ်ကောင်းမှုန့် – အနည်းငယ်
- ဆား – အနည်းငယ်
- သကြား – အနည်းငယ်
- ဟင်းချက်ဆီ (Cooking Oil) – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးစွာ ကြက်ပေါင်များကို ရေစင်အောင်ဆေးပြီး ဓားဖြင့် အနည်းငယ်မွှန်းပေးပြီး သကြား ၊ ဆား အနည်းငယ်နှင့် နယ်ထားပါ။
- ဇလုံအလွတ်တစ်လုံးထဲတွင် အထက်မှာဖော်ပြထားသော ပါဝင်ပစ္စည်းများအားလုံးကိုရောထည့်ပြီး ဆော့ပြုလုပ်ပြီး ကြက်ပေါင်များဖြင့်ရောနှယ်၍ ၁၅-မိနစ်ခန့် နှပ်ထားပါ ။ ထို့နောက် ဒယ်အိုးတစ်လုံးထဲသို့ ထည့်ပြီး ကြက်ပေါင်များရေမြုပ်ရုံ ရေအနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် ချက်ပေးပါ ။
- ချက်နေစဉ် အပေါ့အငံမြည်းပေး၍ လိုအပ်သလို ပြင်ပါ ။ အရမ်းနူးသွားအောင်ချက်ရန် မလိုပါ ။ ရေတစ်ရည်ခမ်း၍ ဆီပြန်လာလျှင် မီးပိတ်ပြီး ကြက်ပေါင်များကို ဆယ်ယူပါ ။ အိုးထဲတွင် ကျန်ခဲ့သော ဆော့သည် ကြက်သားဖြင့် တို့စားလို့ အလွန်ကောင်းပါသည် ။
- ဆယ်ယူထားသော ကြက်ပေါင်များကို သံဇကာပေါ်တင်၍ မီးအေအေးဖြင့် တစ်ဖက်ဆီလှည့်၍ ကင်ပေးပါ ။ ကြက်သားက တစ်ရည်ခန်းအောင် ချက်ထား၍ အတွင်းသားများ ကျက်နေပါပြီ ။ အပြင်သားများသာ ပုံမှာပြထားသည့်အတိုင်း ဆီအနည်းငယ်သုပ်၍ အနံ့မွှေးလာသည်အထိ ကင်ပေးလျှင် အလွန်စားကောင်း၍ အရသာရှိသော BBQ-Chicken ကိုရပါပြီ ။ ကြက်သားချက်သောအခါ ကျန်သော ဆော့အနှစ်ဖြင့် တို့စားနိုင်ပါသည် ။
Credit: Z.TT