ကိုရီးယားမှာ ပဲပင်ပေါက် ကိုလည်း ကင်မ်ချီ လုပ်စားကြတယ် ။ ပဲပင်ပေါက် ကြိုက်တယ် ဆိုရင် လုပ်စား ကြည့်လို့ ရအောင်ပါ ။
ပါဝင်ပစ္စည်းများ
- ပဲပင်ပေါက် – ၁၀ ကျပ်သား
- မုန်လာဥဖြူ – ၁ ဥ
- မုန်လာဥနီ – ၁ ဥ
- ကြက်သွန်မြိတ် – အနည်းငယ်
- ကြက်သွန်ဖြူ – ၁ တက်
- ဂျင်း – အနည်းငယ်
- ငံပြာရည်
- နှမ်းဆီ
- ိနှမ်း
- ဆား
- သကြား
- ငရုတ်သီးမှုန့်
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးဆုံး မုန်လာဥဖြူ ကို အခွံခွာပြီး ခပ်သေးသေး အချောင်းရှည်ရှည်လေးတွေ ရအောင် လှီးပါမယ်။ ပြီးတာနဲ့ ဆားအနည်းငယ်နဲ့ နွမ်းသွားအောင် နယ်ပြီး နာရီဝက်လောက် နွမ်းသွားအောင် နှပ်ထားရပါမယ် ။
- ပဲပင်ပေါက်ကို ရေနွေးဖျေပြီး ရေစစ်ထားပါ ။ မုန်လာဥနီ ကိုလည်း အချောင်းရှည်ရှည်နဲ့ သေးသေးလေးတွေ ဖြစ်အောင် လှီးထားပါ ။ ကြက်သွန်မြိတ် ကိုလည်း လက်လေးသစ်အရွယ် ဖြတ်ထားပါ ။ ကြက်သွန်ဖြူနဲ့ ဂျင်းကို နုတ်နုတ်စင်းထားပါ ။ မုန်လာဥဖြူ နွမ်းသွားပြီ ဆိုတာနဲ့ အငန်ရည်တွေကို ဆေးပစ်ရပါမယ် ။ ရေဆေးပြီးရင် အရည်တွေကို ညှစ်ပစ်ပါ ။
- ပြီးရင် ဇလုံထဲကို မုန်လာဥဖြူ ထည့်ပြီး ငရုတ်သီးမှုန့် နှစ်ဇွန်းခန့် ထည့်ပြီး နယ်ပါ ။ ပြီးရင် ပဲပင်ပေါက် ၊ မုန်လာဥနီ ၊ ကြက်သွန်မြိတ်၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငံပြာရည်နှစ်ဇွန်း ၊ သကြားအနည်းငယ် ၊ နှမ်း အနည်းငယ် ထည့်ပြီး သမအောင်နယ်ပါ ။
- သမအောင်နယ်ပြီးရင် နောက်ဆုံးမှ နှမ်းဆီအနည်းငယ် ထည့်ပြီး ဖွဖွလေးနယ်ပေးပါ ။ အရသာ အပေါ့ အငံအစပ်ကို လိုသလို ပြုပြင်ပါ ။
ချက်ချင်းစားရင်လည်း ရပါတယ်။ တစ်ညသိပ်ပြီး ကင်မ်ချီနံ့လေးမွှေးပြီး ချဉ်လာမှလဲ စားလို့ရပါတယ်။ ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။
Credit: ဆန်ဂို့ဟင်းလျာများ – Sango’s Curries