တစ်ခါတလေ ငါးကို ညှီနံံ့လုံးဝပျောက်ပြီး ရိုးရိုးရှင်းရှင်းလေးပဲ အနှစ်များများနှင့် စားချင်တဲ့အခါ ဒီငါးဟင်းလေးက အဆင်ပြေပါလိမ့်မယ်။ ချက်စားကြည့်လိုက်နော် . . . ။
ပါဝင်ပစ္စည်းများ
- ငါးကြင်း – ၃ဝ ကျပ်သား (ချက်တုံးလေးတွေတုံးထားပါ)
- ပင်စိမ်း – ၅ ပင် (အရွက်နုလေးတွေ ခြွေထားပါ)
- စပါးလင် – ၁ ချောင်း (ထုပြီး ထုံးထားပါ)
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပင်စိမ်း – ၃ ပင် (အပင်ရိုး အဖူးအပွင့်များပါသော အခက်)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- (ဟင်းအနှစ် လုပ်ရန် )
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ – ၃ မြွှာ (ထောင်းထားပါ)
- ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
- ချင်း – လက်မအရွယ် (ထောင်းထားပါ)
- နေကြာဆီ – စားပွဲဇွန်း ၂ ဇွန်းခွဲ
- ဆား – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
- ခရမ်းချဉ်သီး – ၅ လုံး (ပါးပါးလေးတွေလှီးထားပါ)
ပြုလုပ်နည်း
- ငါးတုံးများကို စပါးလင်၊ ပင်စိမ်းပင်၊ ငံပြာရည်များနှင့် နနွင်းမှုန့် ထည့်ပြီး ရေကို ငါးတုံး မြုပ်ရုံ ထည့်ပြီး ဆူရုံပြုတ်လိုက်ပါ။ ငါးတုံးများ ရေစစ်ယူထားပါ။ ဟင်းအနှစ်တည်ရန် မီးအနေတော်နှင့် ဆီအိုးပူလာအောင် တည်ပါ။
- ပြီးရင် ကြက်သွန်ဖြူ/နီ၊ ချင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်များထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းပြီး အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးကိုထည့်၍ လုံးပေးပါ။ ခရမ်းချဉ်သီး အခွံလိပ်လာလျှင် ငံပြာရည်ထည့်ပြီး တည်ပါ။ ကျန်ဆီသတ်ရန် ပါဝင်ပစ္စည်းများ ထည့်ပြီး တည်ပါ။ ဆီဝေ့တက်လာသည်အထိ တည်ပါ။
- ခရမ်းချဉ်သီး အနှစ်ထဲ ငါးထည့်ပြီး လုံးပေးပါ။ ငါးပြုတ်ရည် ထည့်ပြီး နှံ့အောင် ခပ်ဖွဖွလေး မွှေပေးပါ။
- ရေခန်းပြီး အဆီပြန်လာလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
- ပင်စိမ်းအခက်လေးများနဲ့ အလှဆင်ကာ ပဲဟင်းရည်၊ တမင်းပူပူနှင့်တွဲပြီး သုံးဆောင်လို့ လိုက်ဖက်ပါတယ်။