နေ့စဉ်ထမင်းစားရင် ဟင်းချိုလေးသောက်လိုက်ရမှ ကြိုက်တယ်ဆိုသူများအတွက် နောက်ထပ်ဟင်းချိုအမယ်သစ်လေးပါ။ ချဉ်ပေါင်ဟင်း၊ ကန်စွန်းရိုးနီဟင်း၊ မုန်လာဟင်း စသဖြင့် ဟင်းချိုတွေကို ရိုးသွားပြီဆိုရင်တော့ ဒီဟင်းချိုလေးကို တမျိုးပြောင်းချက်ကြည့်ကြနော်။
ပါဝင်ပစ္စည်းများ
- မုံညင်းစိမ်း
- ပဲပုပ် ၁ချပ် (မီးကင်ထောင်းထားပါ)
- ခရမ်းချဉ်သီး
- ဆီ အနည်းငယ်
- ဆား အနည်းငယ်
- ဟင်းချိုမှုန့် အနည်းငယ်
- ဂျင်း အနည်းငယ်
ပြုလုပ်နည်း
- ဟင်းရည်အိုးထဲတွင် ပဲပုပ်၁ချပ် မီးကင်ထောင်း၊ ခရမ်းချဉ်သီး ၊ ဆီနဲနဲ ၊ ဆား ၊ ဟင်းချိုမှုန့် ထည့်ပြီး တည်ထားပါ ။
- ဟင်းရည် ပွက်ပွက်ဆူရျ် စားခါနီးမှ မုံညင်းနဲ့ ဂျင်း ထည့်လိုက်ပါ ။
- အရသာ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။
Credit: Phyu Phyuhnin