ပါဝင်ပစ္စည်းများ

  • ငါးတန်
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ
  • ငံပြာရည်
  • နနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်

Source: Fresh Fish House

  • ဂျင်း၊ ငရုတ်သီးခြောက်
  • မကျီးသီးမှည့်၊ နံနံပင်
  • ငရုတ်သီးစိမ်း၊ မဆလာ
  • ရေ၊ ဆား၊ ဆီ

ပြုလုပ်နည်း

ငါးတန်အကောင်ကို ပါးဟပ်၊ အူ အညစ်အကြေးများထုတ်ပြီး ရေစင် ကြယ်အောင်ဆေး၍ ကြိုက်နှစ်သက်သလို အကွင်းလေးတွေတုံးပါ။

ပြီးလျင် ဆား၊ ငံပြာရည်၊ နနွင်းမှုန့် အနည်းငယ်စီတို့ဖြင့် နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။

မကျီးသီးမှည့် အနည်းငယ်ကို ရေစိမ်ထားပါ။

ရေစိမ်ထားသော ငရုတ်သီးခြောက် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း တို့ကို ညက်အောင် ထောင်းပြီး အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။

ကြက်သွန်ကြော်များ ရွှေရောင် သမ်းလာပြီး မွှေးလာပါက ငရုတ်သီး အရောင်တင်မှုန့် နှင့် မဆလာ အနည်းငယ် ထည့်ပြီး မွှေပေးပါ။

ပြီးလျှင် နယ်ပြီးနှပ်ထားသော ငါးများကို ထည့်ကာ အသာမွှေပြီး ဟိုဘက်ဒီဘက် လှန်ပေးပါ။ ငါးအသားရောင် ပြောင်းပြီး အသားများတင်းတင်းလး ဖြစ်လာပြီဆိုလျှင် စိမ်ထားသော မကျည်းသီးမှည့်အရည်ကို အဖတ်များမပါအောင်စစ်ပြီး ထည့်၍ ရေအနည်းငယ်ပါ ထပ်ထည့်ကာ ရေများပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။

ရေများပွက်ပွက်ဆူလာပြီး ဆီပြန်လာလျှင် အပေါ့ အငံ အချဉ် မြည်းကာ နံနံပင်နှင့် ငရုတ်သီးစိမ်းများ အုပ်ကာ အရသာ ကောင်းမွန်သော ငါးတန်အချဉ်ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီ။ (ကြက်သားမှုန့်၊ အရသာမှုန့်၊ ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်လျှင် ထည့်ချက်လို့ရပါတယ်)

Credit: ဒေါ်ပု