ငါးခူကို ဆီပြန်ဟင်းလေးစားချင်သူတွေအတွက် ငရုပ်သီးစိမ်းလေးအုပ်ပြီးချက်ရတဲ့ ချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးခူ အကောင်ကြီး – ၁ ကောင်
- ခရမ်းချဉ်သီး – ၆ လုံး (ထူထူ လှီးထားပါ)
- ကြက်သွန်နီ ဥကြီး – ၁ ဥ (ထောင်းထားပါ)
- ကြက်သွန်ဖြူ ဥသေး – ၁ ဥ (ထောင်းထားပါ)
- ဂျင်း – လက်တဆစ် (ထောင်းထားပါ)
- ငရုတ်ခြောက်တောင့် – ၈ တောင့် (ထောင်းထားပါ)
- နနွင်းမှုန့် – အနည်းငယ်
- ဆီ – ၅ ဇွန်း (ထမင်းစားဇွန်း)
- ဆား – အနည်းငယ်
- မဆလာ – အနည်းငယ်
- ငရုတ်သီးစိမ်း – ၅ တောင့်
- အချိုမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- ငါးခူ အကောင်ကြီး ကို သန့်စင် ဆေးကြောထားပါ။ ပြီးလျင် ကွင်းထားသည့် ငါးများကို ဆား နှင့် အချိုမှုန့် နယ်ပြီး အပေါ်ရေ တထပ်တင်း သွားအောင်ကြော်ပြီး ဆယ်ထားပါ။
- အိုးထဲတွင် ကြော်ထားသည့် ဆီ ၅ ဇွန်းကို ထည့်၍ ရောထောင်းထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ၊ ဂျင်း ၊ ငရုတ်ခြောက်တောင့် ၊ နနွင်းမှုန့် တို့ကို ဆီသတ်ပါ။
- ကြက်သွန်အရောင် ပြောင်း၍ အနံ့မွှေး လာလျင် ခရမ်းချဉ်သီးကို ထည့်၍ ဆီသတ်ပါ။ ခရမ်းချဉ်သီးများ လိပ်လာလျင် ရေနွေး တခွက် ကျော်ကျော် ထည့်ပြီး အနှစ်များရရန် မီးအေးအေး နှင့် အဖုံး အုပ်၍ တည်ထားပါ။
- အနှစ်များ သေသေချာချာ ကြေသွားလျင် ငါးကြော်များကို ထည့်၍ အနှစ်များနှင့် ရောစပ် သမသွားအောင် အိုးကို သာသာလှုပ် ၊ အနှစ်များကို ဇွန်းဖြင့် အပေါ်ဘက်မှ တင်ပေးပါ။
- ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ ငရုတ်သီးစိမ်း ၊ မဆာလာ အနည်းငယ် ဖြူး၍ သုံးဆောင်နိုင်ပါပြီ။ ခရမ်းချဉ်သီး အနှစ်များများလေးနှင့် အင်မတန် ကောင်းသည့် ငါးဟင်းတခွက် ရပါပြီ။
MyFood Myanmar