ပါဝင်ပစ္စည်းများ
- ဂျူးမြစ်
- ပဲပုပ်ခြောက်
- ဆီ
- ဆား
- အချိုမှုန့် – အနည်းငယ်
- အာလူး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငရုတ်သီးခွဲခြမ်း
ပြုလုပ်နည်း
- ဂျူးမြစ်များကို ရေစင်စင်ဆေး ၊ လက်တစ်ဆစ်လောက် ဖြတ်ပြီး ၂ ရက်လောက် နေလှန်းပါ။ ခြောက်လာရင် ဆီပူပူမှာ ကျွတ်နေအောင် ကြော်ပြီး ဆီစစ်ထားပါ။ ပဲပုတ်ခြောက်ကို ရေဆေးပြီး လက်တစ်ဆစ်လောက်အတုံးကလေးတွေ ညှပ်ပါ။
- ဆား အနည်းငယ် ၊ အချိုမှုန့် အနည်းငယ် ထည့်နယ်ပါ ။ ပြီးရင် ကျွတ်နေအောင် ကြော်ပြီး ဆီစစ်ထားပါ။ အာလူးကို အခွံခွါ ရေဆေးပြီး ပါးပါးလှီးပါ။ ဆားနည်းနည်းနဲ့ နယ်ပြီး ကျွတ်ရွနေအောင် ကြော်ထားပါ ။
- ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကိုလည်း ပါးပါးလှီးပြီး ကျွတ်နေအောင် ကြော်ထားပါ ။ ကြော်ထားတဲ့ ဆီပူထဲကို ငရုတ်သီး ခွဲခြမ်း ထည့်ပါ ။ မြေပဲလှော် ထည့်ကြော်ပါ ။ မီးပိတ်လိုက်ပါ ။
- ပြီးရင် ပဲပုပ်ကြော် ၊ ဂျူးမြစ်ကြော် ၊ ကြက်သွန်ဖြူကြော် ၊ ကြက်သွန်နီကြော် ၊ အာလူးကြော် ၊ အားလုံးတို့ကို ထည့်ပြီး သမအောင်မွှေပါ ။
Credit: ချက်ကြမယ်ဟေ့မကောင်းတကောင်း – အန်တီလော်ရာရဲ့ဟင်းချက်နည်းများ