ပါဝင်ပစ္စည်းများ

  • ဂျူးမြစ်
  • ပဲပုပ်ခြောက်
  • ဆီ
  • ဆား
  • အချိုမှုန့် – အနည်းငယ်
  • အာလူး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုတ်သီးခွဲခြမ်း

ပြုလုပ်နည်း

  1. ဂျူးမြစ်များကို ရေစင်စင်ဆေး ၊ လက်တစ်ဆစ်လောက် ဖြတ်ပြီး ၂ ရက်လောက် နေလှန်းပါ။ ခြောက်လာရင် ဆီပူပူမှာ ကျွတ်နေအောင် ကြော်ပြီး ဆီစစ်ထားပါ။ ပဲပုတ်ခြောက်ကို ရေဆေးပြီး လက်တစ်ဆစ်လောက်အတုံးကလေးတွေ ညှပ်ပါ။
  2. ဆား အနည်းငယ် ၊ အချိုမှုန့် အနည်းငယ် ထည့်နယ်ပါ ။ ပြီးရင် ကျွတ်နေအောင် ကြော်ပြီး ဆီစစ်ထားပါ။ အာလူးကို အခွံခွါ ရေဆေးပြီး ပါးပါးလှီးပါ။ ဆားနည်းနည်းနဲ့ နယ်ပြီး ကျွတ်ရွနေအောင် ကြော်ထားပါ ။
  3. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကိုလည်း ပါးပါးလှီးပြီး ကျွတ်နေအောင် ကြော်ထားပါ ။ ကြော်ထားတဲ့ ဆီပူထဲကို ငရုတ်သီး ခွဲခြမ်း ထည့်ပါ ။ မြေပဲလှော် ထည့်ကြော်ပါ ။ မီးပိတ်လိုက်ပါ ။
  4. ပြီးရင် ပဲပုပ်ကြော် ၊ ဂျူးမြစ်ကြော် ၊ ကြက်သွန်ဖြူကြော် ၊ ကြက်သွန်နီကြော် ၊ အာလူးကြော် ၊ အားလုံးတို့ကို ထည့်ပြီး သမအောင်မွှေပါ ။

Credit: ချက်ကြမယ်ဟေ့မကောင်းတကောင်း – အန်တီလော်ရာရဲ့ဟင်းချက်နည်းများ