ထမင်းမစားတဲ့ ဘေဘီလေးတွေအတွက် ရည်ရွယ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး ၁ဖူး
- ချိစ် ၁ပြား (ရေနွေးထည့်ကာ အရည်ဖျော်ထားပါ။)
- တန်ပူရာမှုန့် ၃ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆီ ၂ ဇွန်း (စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- ပြောင်းဖူးကို ရေဆေးကာ ခြစ်နဲ့ခြစ်ထားပါ။ ပြီးလျှင် ပြောင်းဖူး ၊ ချိစ် ၊ တန်ပူရာမှုန့်တွေကို သမအောင်နယ်ပါ ။
- ဆီကို မကပ်တဲ့ဒယ်မှာ မီးအရှိန် အနေတော်ဖြင့် အပူပေးပါ ။
- ဆီပူလာလျှင် ပြောင်းဖူးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်ကို ဒယ်ထဲမှာထည့်ကာ ဇွန်နဲ့ဖိကာ အပြားလေးလုပ်ပြီးကြော်ပါ ။
- မီးအေးအေးနဲ့ကြော်ပါ ။ ပြောင်းဖူး တစ်ဖူးကို ၁၀ခုလောက်ရပါတယ် ။
- တစ်ဖက်က ကျက်လာပြီဆိုမှ နောက်တစ်ဖက်လှန်ပါ ။ နှစ်ဖက်လုံးကျက်မှ ဆယ်ကာ ဆီခြောက်အောင် တစ်ရှုးလေးနဲ့သုတ်ပါ ။
ပျော့ပျော့အိအိ ချိုစိမ့်လေးမို့ ဘေဘီလေးတွေကြိုက်မှာပါနော်။
Credit: KitKit’s Mom Yummy House