ထမင်းမစားတဲ့ ဘေဘီလေးတွေအတွက် ရည်ရွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး ၁ဖူး
  • ချိစ် ၁ပြား (ရေနွေးထည့်ကာ အရည်ဖျော်ထားပါ။)
  • တန်ပူရာမှုန့် ၃ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆီ ၂ ဇွန်း (စားပွဲဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ပြောင်းဖူးကို ရေဆေးကာ ခြစ်နဲ့ခြစ်ထားပါ။ ပြီးလျှင် ပြောင်းဖူး ၊ ချိစ် ၊ တန်ပူရာမှုန့်တွေကို သမအောင်နယ်ပါ ။
  2. ဆီကို မကပ်တဲ့ဒယ်မှာ မီးအရှိန် အနေတော်ဖြင့် အပူပေးပါ ။
  3. ဆီပူလာလျှင် ပြောင်းဖူးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်ကို ဒယ်ထဲမှာထည့်ကာ ဇွန်နဲ့ဖိကာ အပြားလေးလုပ်ပြီးကြော်ပါ ။
  4. မီးအေးအေးနဲ့ကြော်ပါ ။ ပြောင်းဖူး တစ်ဖူးကို ၁၀ခုလောက်ရပါတယ် ။
  5. တစ်ဖက်က ကျက်လာပြီဆိုမှ နောက်တစ်ဖက်လှန်ပါ ။ နှစ်ဖက်လုံးကျက်မှ ဆယ်ကာ ဆီခြောက်အောင် တစ်ရှုးလေးနဲ့သုတ်ပါ ။

ပျော့ပျော့အိအိ ချိုစိမ့်လေးမို့ ဘေဘီလေးတွေကြိုက်မှာပါနော်။

Credit: KitKit’s Mom Yummy House