ပါဝင်ပစ္စည်းများ
- ကြက်သား
- ကြက်သွန်နီ တလုံး၊ ခရမ်းချဉ်သီး တလုံး
- ဂျင်း၊ ကြက်သွန်မိတ်၊ ငရုတ်သီးစိမ်းပွ
- ဟင်းခတ်မှုန့်၊ ဆား
- ကြာညို့ ပဲငံပြာရည်
ပြုလုပ်နည်း
ကြက်သားကို သေးသေးတုံး၍ ဆား၊ ဟင်းခတ်မှုန့်၊ ကြာညို့ ပဲငံပြာရည်နှယ်ထားပါ။ ကြက်သွန်နီ တလုံးကို ၈စိတ်၊ ခရမ်းချဉ်သီး တလုံးကို ၈စိတ်၊ ငရုတ်သီးစိမ်းပွကို ၈စိတ် စိတ်ထားပါ။
ဂျင်းကို ပါးပါး ရှည်ရှည်လှီးပြီး၊ ကြက်သွန်မိတ်ကို လက်နှစ်ဆစ်ခန့် ဖြတ်ထားပါ။ ဆီပူလာလျှင် ကြက်သားကို အရင်ထည့်ကြော်ပြီး အဖုံးအုပ်ထားပါ။ ပြီးလျှင် ခဏတာထားပြီး ပြန်မွှေပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြာညို့ ပဲငံပြာရည် ထပ်ထည့်ပါ။
အသားနူးလျှင် အပေါ့အငန် လိုအပ်သလို ပြင်၍ အိုးချခါနီးမှာ ငရုတ်သီးအပွ၊ ကြက်သွန်မိတ်တို့ကို ထည့်ပြီး နှံ့စပ်အောင် မွှေပြီးလျင် ခဏအုပ်ထားပြီး စားရန် အဆင်သင့် ဖြစ်ပါပြီ။
Credit: Phyu Phyuhnin