ပါဝင်ပစ္စည်းများ
- တောက်တောက်စင်းထားသော ကြက်သား
- ကြက်ရိုး
- ကြက်သွန်ဖြူ
- အချိုမှုန့်
- ပဲငံပြာရည် အကြည်
- ဆား
- ကော်မှုန့်
- ငရုတ်ကောင်းမှုန့် အဖြူ
- နှမ်းဆီ
- ဆန်ကြာဆံ
- ပဲပြား
- မုန်ညင်းစိမ်း
- ကြက်သွန်မြိတ်
- တရုတ်နံနံပင်
- ဖုဆိုင်
- ငရုပ်သီးစိမ်း – ပါးပါးလှီးထားပါ
- ရှာလကာရည် – ၃ ဇွန်း (ထမင်းစားဇွန်း)
- သကြား – တဇွန်း (လဖက်ရည်ဇွန်းသေး)
- ဆား – အနည်းငယ်
- ငံပြာရည် – အနည်းငယ်
ပြုလုပ်နည်း
ကြက်အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ၊ ဆား၊ ကြက်သွန်ဖြူ၊ အချိုမှုန့်နှင့် ထည့်ပြုတ်ပါ။ အရိုးများ နူး၍ အရည်ကျသည်အထိ မီးမီးအေးဖြင့် ပြုတ်ပေးပါ။
တောက်တောက် စင်းထားသော အသားများကို ပဲငံပြာရည် အကြည်၊ ကော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့် အဖြူ၊ နှမ်းဆီတို့နှင့်နယ်ပြီး နှပ်ထားပါ။ ဆန်ကြာဆံကို ရေစိမ်ထားပါ။
မုန်ညင်းစိမ်း၊ ကြက်သွန်မိတ်၊ တရုတ် နံနံပင်၊ ဖုဆိုင်တို့ကို ရေ သေသေချာချာ ဆေး၍ ၁ လက်မ ကျော်ကျော်ခန့် လှီးဖြတ်ထားပါ။ စားကာနီးတွင် ကြေးအိုးကို တပွဲစာ ပြင်သည့် အိုးနှင့် တပွဲစီ ထည့်၍ ပြုတ်ပါ။
အိုးထဲတွင် တပွဲစာ ဟင်းရည် ထည့်၍ ဆူအာင်တည်ပါ။ ဟင်းရည်တည်နေချိန်တွင် အသားကို လုံးပြီး ထည့်ပါ။ ပြီးလျင် ဆန်ကြာဆံကို တပွဲစာထည့်ပြုတ်ပါ။ ပဲပြား နှင့် အရွက်စိမ်းကို နောက်ဆုံးမှ ထည့်ပါ။
ဟင်းရည် ပွက်ပွက် ဆူလာလျှင် အသား ကျက်မကျက် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
အချဉ်ရည်အတွက် – ငရုပ်သီးစိမ်းကို ပါးပါးလှီး၊ ရှာလကာရည် ၃ ဇွန်း၊ သကြား တဇွန်း၊ ဆား အနည်းငယ်၊ ငံပြာရည် အနည်းငယ်နှင့် ရေကျတ်အေး အနည်းငယ်ထည့်ပြီး အားလုံးကို ထည့်မွှေ ပြီးလျှင် အချဉ် နဲ့ အပေါ့ အငံကို မြည်း၍ လိုတာ ထပ်ထည့်ပါ။
Sirichai ငရုတ်ဆီနှင့်ပါ တွဲ၍ စားနိုင်ပါသည်။
MyFood Myanma