၀က်သားနဲ့မျှစ်ချဉ်ဟင်းကို ကြိုက်ကြလို့ အရသာလေးလည်း တမျိုးဖြစ်အောင်ဆိုပြီး ကြက်သားမျှစ်ချဉ်ဟင်းချိုလေးကိုလည်း ချက်စားကြည့်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- နံနံပင်အရိုး – ၃ ပင် (နုပ်နုပ်စဉ်း)
- ငရုတ်ကောင်း – ၁ ဝက် (လက်ဖက်ရည်ဇွန်း)
- ကြက်သွန်ဖြူ – ၂ ဥ (နုပ်နုပ်စဉ်း)
- ရေ – ၃ လုံး (တရုတ်ပန်းကန်လုံး)
- ကြက်ရင်ပုံ – ၃ ကျပ်ခွဲသား (အတုံးလေးများ)
- မျှစ်ချဉ် (အဖြူ၊ အဝါ) – ၁ တုံးခွဲ (အတုံးလေးများ)
- ကြက်သွန်မြိတ် – ၁ ပင် (နုပ်နုပ်စဉ်း)
- ငံပြာရည် – ၁ ဇွန်း (စားပွဲဇွန်း )
- ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း )
- ကြက်သားမှုန့် – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- သကြား – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း )
- ငရုတ်သီး – ၂ တောင့်(နုပ်နုပ်စဉ်း)
ပြင်ဆင်ချက်ပြုတ်နည်း
- ဟင်းချိုအိုးထဲတွင် ရေဆူအောင် တည်ထားပါ ။ နံနံပင်အရိုး ၊ ငရုတ်ကောင်း ၊ ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ကို ထည့်ပါ ။
- ကြက်သားနှင့် မျှစ်ချဉ်ကို ထည့်ပါ ။ ကြက်သားများကျက်လျှင် ဆား ၊ သကြား ၊ ငံပြာရည်နှင့် ကြက်သားမှုန့်တို့ကို ထည့်ပါ ။
- ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ပြီး ချဉ်စပ်အရသာ ကြက်သားမျှစ်ချဉ်ဟင်းချို ရရှိပါပြီ ။
Credit: ချယ်ရီ (Spicy Forest)